အႀကိမ္(၃၀)ေျမာက္ အေရွ႔ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ဆုတံဆိပ္ ရရွိခဲ႕သည္႕ ေတာင္ႀကီးၿမိဳ႔ YGW ပရဟိတေက်ာင္းမွ လူငယ္အားကစား သမားမ်ားအား ဂုဏ္ျပဳဆုေပးအပ္

 

အႀကိမ္(၃၀)ေျမာက္ အေရွ႔ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ဆုတံဆိပ္ ရရွိခဲ႕သည္႕ ေတာင္ႀကီးၿမိဳ႔ YGW ပရဟိတေက်ာင္းမွ လူငယ္အားကစား သမားမ်ားအား ဂုဏ္ျပဳဆုေပးအပ္

ေနျပည္ေတာ္   ဒီဇင္ဘာ   ၉

ဖိလစ္ပိုင္ႏုိင္ငံ၌ အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ဆုတံဆိပ္ ရရွိခဲ့သည့္ ရွမ္းျပည္နယ္ ဂုဏ္ေဆာင္ ႏုိင္ငံကိုယ္စားျပဳ ေတာင္ႀကီးၿမိဳ႕ YGW ပရဟိတေက်ာင္းမွ လူငယ္ အားကစားသမားမ်ားအား ဂုဏ္ျပဳဆုေပးအပ္ျခင္းကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ သံလြင္ခန္းမ၌ျပဳလုပ္ရာ  ေတာင္ႀကီးၿမိဳ႕ YGW အ၀ါေရာင္လူငယ္ မ်ဳိးဆက္သစ္လူငယ္ ပရဟိတေက်ာင္း   ဦးေဆာင္ဆရာေတာ္ ဘဒၵႏၲဣႏၵာစာရ အမွဴးျပဳေသာ သံဃာေတာ္မ်ား ႂကြေရာက္ေတာ္မူၾကၿပီး    တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္အဖြဲ႕၀င္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ အားကစားသမားမ်ားႏွင့္   နည္းျပမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက ဂုဏ္ျပဳအမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ အားနစ္(Arnis) အားကစားနည္း အမ်ဳိးသမီး ၅၀ ကီလို၀ိတ္တန္း၌ ေၾကးတံဆိပ္ဆု ရရွိခဲ့ေသာ မသႏၱာခိုင္၊ အမ်ဳိးသား ၅၅ ကီလိုဘင္တန္ ၀ိတ္တန္းၿပိဳင္ပြဲတြင္ ေငြတံဆိပ္ဆုရရွိခဲ့ေသာ ေမာင္စိုးပိုင္၊ အမ်ဳိးသမီး ၅၅ ဒသမ ၆၀ ကီလို လိုက္၀ိတ္တန္းၿပိဳင္ပြဲတြင္ ေငြတံဆိပ္ႏွင့္ ေၾကးတံဆိပ္ဆု ရရိွခဲ့ေသာ မမိုးမိုးေအးတို႔အား တုိင္းမွဴးက ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္သည္။

ယင္းေနာက္  ဆုရလူငယ္ အားကစားသမားမ်ား ကိုယ္စား လူငယ္အားကစားသမား မမိုးမိုးေအးက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားၿပီး စုေပါင္း ဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္းသတင္းရရွိသည္။

(Unicode Version)

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် တောင်ကြီးမြို့ YGW ပရဟိတကျောင်းမှ လူငယ်အားကစား သမားများအား ဂုဏ်ပြုဆုပေးအပ်

နေပြည်တော်   ဒီဇင်ဘာ   ၉

ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် ရှမ်းပြည်နယ် ဂုဏ်ဆောင် နိုင်ငံကိုယ်စားပြု တောင်ကြီးမြို့ YGW ပရဟိတကျောင်းမှ လူငယ် အားကစားသမားများအား ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ  တောင်ကြီးမြို့ YGW အဝါရောင်လူငယ် မျိုးဆက်သစ်လူငယ် ပရဟိတကျောင်း   ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး    တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစားသမားများနှင့်   နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားနစ်(Arnis) အားကစားနည်း အမျိုးသမီး ၅၀ ကီလိုဝိတ်တန်း၌ ကြေးတံဆိပ်ဆု ရရှိခဲ့သော မသန္တာခိုင်၊ အမျိုးသား ၅၅ ကီလိုဘင်တန် ဝိတ်တန်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မောင်စိုးပိုင်၊ အမျိုးသမီး ၅၅ ဒသမ ၆၀ ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆု ရရှိခဲ့သော မမိုးမိုးအေးတို့အား တိုင်းမှူးက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်သည်။

ယင်းနောက်  ဆုရလူငယ် အားကစားသမားများ ကိုယ်စား လူငယ်အားကစားသမား မမိုးမိုးအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။      

      

Recent News