ျမန္မာ႕စီးပြားေရးဦးပိုင္ အမ်ားႏွင္႕သက္ဆိုင္ေသာ ကုမၸဏီလီမိတက္၏ အထည္ခ်ဳပ္စက္႐ံု (ရန္ကုန္)ဖြင္႕လွစ္

 

ျမန္မာ႕စီးပြားေရးဦးပိုင္ အမ်ားႏွင္႕သက္ဆိုင္ေသာ ကုမၸဏီလီမိတက္၏ အထည္ခ်ဳပ္စက္႐ံု (ရန္ကုန္)ဖြင္႕လွစ္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၁ဝ

ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္ သက္ဆုိင္ေသာ ကုမၸဏီ လီမိတက္၊ အထည္ခ်ဳပ္စက္႐ံု(ရန္ကုန္) ဖြင့္ပြဲအခမ္း အနားကို ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ေလးေထာင့္ကန္  စစ္မႈထမ္းေဟာင္း နယ္ေျမ၌ က်င္းပျပဳလုပ္ရာ အခမ္းအနားသုိ႔ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ ဥကၠ႒   ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဆန္းဦး၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပံုႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာ့ စီးပြားေရး ဦးပိုင္ အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလီမိတက္မွ ဒုတိယ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးစိုးသိန္းႏွင့္ ဌာနႀကီး မွဴးမ်ား၊  ရန္ကုန္တုိင္းေဒသႀကီး  စစ္မႈထမ္းေဟာင္းအဖဲြ႕ စည္ပင္(အျပင္)ဥကၠ႒  ဗိုလ္မွဴးႀကီး ရန္ႏုိင္ဦး(အၿငိမ္းစား)ႏွင့္  စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္  တုိင္းမွဴး  ဗိုလ္ခ်ဳပ္ သက္ပံု၊ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ  ကုမၸဏီ လီမိတက္မွ  ထုတ္လုပ္မႈ လုပ္ငန္းမ်ားဌာနႀကီးမွဴး ဦးလွစိန္ႏွင့္ စက္႐ံုအုပ္စု(၂)ကြပ္ကဲေရးမွဴး ဦးေအးကို တုိ႔က ျမန္မာ့ စီးပြားေရးဦးပိုင္  အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ အထည္ခ်ဳပ္စက္႐ံု(ရန္ကုန္)အား ဖဲႀကိဳး ျဖတ္ဖြင့္လွစ္ ေပးၾကသည္။

ထုိ႔ေနာက္ ျမန္မာ့ စီးပြားေရး ဦးပိုင္ အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီ လီမိတက္ ဥကၠ႒   ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးက အထည္ခ်ဳပ္စက္႐ံု(ရန္ကုန္)၏ စက္႐ံုကမၸည္း ေမာ္ကြန္းအား စက္ခလုတ္ႏွိပ္၍ ဖြင့္လွစ္ေပးၿပီး အေမႊးန႔ံ သာရည္ ပက္ဖ်န္း ေပးသည္။ ထုိ႔ေနာက္  ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးႏွင့္ တာဝန္ရွိသူ တုိ႔သည္  စက္႐ံုအတြင္း လွည့္လည္ ၾကည့္႐ႈ ၾကသည္။

အဆိုပါျမန္မာ့ စီးပြားေရးဦးပိုင္  အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္၊ အထည္ခ်ဳပ္စက္႐ံု (ရန္ကုန္)သည္     ရန္ကုန္ တုိင္း ေဒသႀကီး ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ရွိ ေလးေထာင့္ကန္စစ္မႈထမ္းေဟာင္းနယ္ေျမရွိ ၁ ဒသမ ၄၃၄ ဧက ေျမေနရာ၌ ၂ဝ၁၈ ခုႏွစ္ ႏိုဝင္ဘာ ၁ဝ ရက္က စတင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး  ယေန႔တြင္ ဖြင့္ပြဲအခမ္းအနား က်င္းပျခင္း ျဖစ္သည္။ အဆိုပါ စက္႐ံုအား စစ္မႈထမ္းေဟာင္းမိသားစုမ်ား အလုပ္အကိုင္ရရွိေရး၊ အရည္အေသြး ေကာင္း မြန္ေသာ အဝတ္အထည္မ်ားအား သက္သာေသာ ေစ်းႏႈန္းျဖင့္ ေစ်းကြက္အတြင္း ျဖန္႔ခ်ိေပး ႏုိင္ေရးတုိ႔အတြက္   ရည္ရြယ္ ဖြင့္လွစ္ ခဲ့ျခင္းျဖစ္သည္။

၎အထည္ခ်ဳပ္စက္႐ံု (ရန္ကုန္)မွ Smart.Y အမွတ္ တံဆိပ္ျဖင့္ ရွပ္အက်ႌလက္တို၊ လက္ရွည္ အမ်ဳိးမ်ဳိး ထုတ္လုပ္မည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)
 

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အထည်ချုပ်စက်ရုံ (ရန်ကုန်)ဖွင့်လှစ်

နေပြည်တော်  ဒီဇင်ဘာ  ၁ဝ

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ အထည်ချုပ်စက်ရုံ(ရန်ကုန်) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန်  စစ်မှုထမ်းဟောင်း နယ်မြေ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ   ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာ့ စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဒုတိယ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးသိန်းနှင့် ဌာနကြီး မှူးများ၊  ရန်ကုန်တိုင်းဒေသကြီး  စစ်မှုထမ်းဟောင်းအဖွဲ့ စည်ပင်(အပြင်)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး ရန်နိုင်ဦး(အငြိမ်းစား)နှင့်  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် သက်ပုံ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော  ကုမ္ပဏီ လီမိတက်မှ  ထုတ်လုပ်မှု လုပ်ငန်းများဌာနကြီးမှူး ဦးလှစိန်နှင့် စက်ရုံအုပ်စု(၂)ကွပ်ကဲရေးမှူး ဦးအေးကို တို့က မြန်မာ့ စီးပွားရေးဦးပိုင်  အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အထည်ချုပ်စက်ရုံ(ရန်ကုန်)အား ဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် မြန်မာ့ စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အထည်ချုပ်စက်ရုံ(ရန်ကုန်)၏ စက်ရုံကမ္ပည်း မော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့ သာရည် ပက်ဖျန်း ပေးသည်။ ထို့နောက်  ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူ တို့သည်  စက်ရုံအတွင်း လှည့်လည် ကြည့်ရှု ကြသည်။

အဆိုပါမြန်မာ့ စီးပွားရေးဦးပိုင်  အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အထည်ချုပ်စက်ရုံ (ရန်ကုန်)သည်     ရန်ကုန် တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ လေးထောင့်ကန်စစ်မှုထမ်းဟောင်းနယ်မြေရှိ ၁ ဒသမ ၄၃၄ ဧက မြေနေရာ၌ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  ယနေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ စက်ရုံအား စစ်မှုထမ်းဟောင်းမိသားစုများ အလုပ်အကိုင်ရရှိရေး၊ အရည်အသွေး ကောင်း မွန်သော အဝတ်အထည်များအား သက်သာသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ဖြန့်ချိပေး နိုင်ရေးတို့အတွက်   ရည်ရွယ် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

၎င်းအထည်ချုပ်စက်ရုံ (ရန်ကုန်)မှ Smart.Y အမှတ် တံဆိပ်ဖြင့် ရှပ်အင်္ကျီလက်တို၊ လက်ရှည် အမျိုးမျိုး ထုတ်လုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။   

   

 

Recent News