(၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္ေန့ အထိမ္းအမွတ္ႏွင္႕ ဗီယက္နမ္ ဆိုရွယ္လစ္ သမၼတႏိုင္ငံ၏ (၃ဝ) ႏွစ္ေျမာက္ အမ်ဳိးသား ကာကြယ္ေရးေန့ အထိမ္းအမွတ္ ဧည္႕ခံပြဲ က်င္းပ

(၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္ေန့ အထိမ္းအမွတ္ႏွင္႕ ဗီယက္နမ္ ဆိုရွယ္လစ္ သမၼတႏိုင္ငံ၏ (၃ဝ) ႏွစ္ေျမာက္ အမ်ဳိးသား ကာကြယ္ေရးေန့ အထိမ္းအမွတ္ ဧည္႕ခံပြဲ က်င္းပ

ရန္ကုန္    ဒီဇင္ဘာ    ၁ဝ 

(၇၅)ႏွစ္ေျမာက္ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ေန႔ အထိမ္းအမွတ္ႏွင့္  ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၏  (၃ဝ)ႏွစ္ ေျမာက္ အမ်ဳိးသား ကာကြယ္ေရးေန႔ အထိမ္းအမွတ္ ဧည့္ခံပြဲ အခမ္းအနားကို ယေန႔ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ  Melia Hotel ၌ က်င္းပျပဳလုပ္ရာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ  ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္  တိုင္းမွဴး  ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊   ရန္ကုန္ၿမိဳ႕ရွိ   ျမန္မာႏိုင္ငံဆိုင္ရာ  ႏိုင္ငံျခား သံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္  စစ္သံမွဴးမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္ 

ဦးစြာ ဧည့္ခံပြဲသို႔ တက္ေရာက္ လာၾကေသာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊    ဧည့္ သည္ ေတာ္မ်ားအား ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ သံအမတ္ႀကီး H.E. Dr.Luan Thuy Duong၊ စစ္သံမွဴး Senior  Colonel  Nguyen Thanh Dong ႏွင့္ တာဝန္ရွိသူတို႔က  ႀကိဳဆို ႏႈတ္ဆက္ၾကသည္။ 

ထို႔ေနာက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းေနာင္၊ ဗီယက္နမ္ သံအမတ္ႀကီးႏွင့္   စစ္သံမွဴးတို႔သည္ ျပည္ေထာင္စု သမၼတျမန္မာ ႏိုင္ငံေတာ္ သီခ်င္းႏွင့္ ဗီယက္နမ္ႏိုင္ငံ သီခ်င္းတို႔ျဖင့္   ႏွစ္ႏိုင္ငံအလံကို   အေလးျပဳၾကၿပီး ဗီယက္နမ္ႏိုင္ငံ စစ္သံ မွဴး  Senior Colonel Nguyen Thanh Dong ႏွင့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္တို႔က ႏႈတ္ခြန္းဆက္စကား ေျပာ ၾကားသည္။ 

ဆက္လက္၍    ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊   ဗီယက္နမ္သံအမတ္ႀကီးႏွင့္စစ္သံမွဴးတို႔သည္ ဗီယက္နမ္ ျပည္သူ႔ တပ္မေတာ္ သမိုင္း ဗီဒီယိုအားၾကည့္႐ႈၾကၿပီး ဧည့္သည္ေတာ္မ်ား ႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ သံအမတ္ႀကီးႏွင့္ စစ္သံမွဴးတို႔သည္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳညစာ ျဖင့္ တည္ခင္း ဧည့္ခံခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၇၅)နှစ်မြောက် ဗီယက်နမ် ပြည်သူ့တပ်မတော်နေ့ အထိမ်းအမှတ်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ (၃ဝ) နှစ်မြောက် အမျိုးသား ကာကွယ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ

ရန်ကုန်    ဒီဇင်ဘာ    ၁ဝ 

(၇၅)နှစ်မြောက်ဗီယက်နမ်ပြည်သူ့တပ်မတော်နေ့ အထိမ်းအမှတ်နှင့်  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏  (၃ဝ)နှစ် မြောက် အမျိုးသား ကာကွယ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ  Melia Hotel ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊   ရန်ကုန်မြို့ရှိ   မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့်  စစ်သံမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည် 

ဦးစွာ ဧည့်ခံပွဲသို့ တက်ရောက် လာကြသော ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော် အရာရှိကြီးများ၊    ဧည့် သည် တော်များအား မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E. Dr.Luan Thuy Duong၊ စစ်သံမှူး Senior  Colonel  Nguyen Thanh Dong နှင့် တာဝန်ရှိသူတို့က  ကြိုဆို နှုတ်ဆက်ကြသည်။ 

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဗီယက်နမ် သံအမတ်ကြီးနှင့်   စစ်သံမှူးတို့သည် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် သီချင်းနှင့် ဗီယက်နမ်နိုင်ငံ သီချင်းတို့ဖြင့်   နှစ်နိုင်ငံအလံကို   အလေးပြုကြပြီး ဗီယက်နမ်နိုင်ငံ စစ်သံ မှူး  Senior Colonel Nguyen Thanh Dong နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့က နှုတ်ခွန်းဆက်စကား ပြော ကြားသည်။ 

ဆက်လက်၍    ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊   ဗီယက်နမ်သံအမတ်ကြီးနှင့်စစ်သံမှူးတို့သည် ဗီယက်နမ် ပြည်သူ့ တပ်မတော် သမိုင်း ဗီဒီယိုအားကြည့်ရှုကြပြီး ဧည့်သည်တော်များ နှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် အခမ်းအနား တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာ ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News