ေရျဖဴၿမိဳ႕နယ္၊ အင္းျပားေက်း႐ြာ အေျခခံပညာ မူလတန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

 

ေရျဖဴၿမိဳ႕နယ္၊ အင္းျပားေက်း႐ြာ အေျခခံပညာ မူလတန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၁ဝ

တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္၊ အင္းျပားေက်း႐ြာ အေျခခံပညာမူလတန္း ေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္း တြင္ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆး ကုသေရးအဖြဲ႕က အဆိုပါ ေက်ာင္း၌    က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။ ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ငါးဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၉၄ ဦးတို႔ကို အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ ေရသန႔္ရွင္းေရးစစ္ေဆးေပးျခင္း၊ သြားႏွင့္ ခံတြင္းေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ၊ ႏွလုံးေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍   လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသ ေပးျခင္းႏွင့္  ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါအေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္႐ြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရေဖြူမြို့နယ်၊ အင်းပြားကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၁ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အင်းပြားကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ငါးဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၉၄ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ် ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ သွားနှင့် ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသ ပေးခြင်းနှင့်  ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။     

     

Recent News