ေရႊေညာင္ၿမိဳ႕၊ ဆည္လဲေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ေရႊေညာင္ၿမိဳ႕၊ ဆည္လဲေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၁ဝ

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊  ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ဆည္လဲေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က   အဆုိပါ ေက်းရြာဓမၼာ႐ံု၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံတိုင္းရင္းသားျပည္သူ ၁၃၇ ဦးတို႔ကို အဆစ္အမ်က္ေရာင္ ေရာဂါ၊ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရွှေညောင်မြို့၊ ဆည်လဲကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဆည်လဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က   အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၇ ဦးတို့ကို အဆစ်အမျက်ရောင် ရောဂါ၊နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News