ကုလားတန္ျမစ္အတြင္း ခရီးသည္တင္ေရယာဥ္အား AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္သျဖင့္ အသက္ ၁ ႏွစ္ ၆ လခန္႕ရွိ ကေလးငယ္ ၁ ဦးအပါအ၀င္ အျပစ္မဲ့ျပည္သူမ်ား ေသဆံုး၊ ဒဏ္ရာရရွိ

ကုလားတန္ျမစ္အတြင္း ခရီးသည္တင္ေရယာဥ္အား AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္သျဖင့္ အသက္ ၁ ႏွစ္ ၆ လခန္႕ရွိ ကေလးငယ္ ၁ ဦးအပါအ၀င္ အျပစ္မဲ့ျပည္သူမ်ား ေသဆံုး၊ ဒဏ္ရာရရွိ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၁

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္၊ ႏႈံးဘူးေက်းရြာအနီး ကုလားတန္ျမစ္အတြင္း၌ ဒီဇင္ဘာ ၁၀ ရက္တြင္ ခရီးသည္တင္ေရယာဥ္ ၁ စီးအား AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္  အသက္ ၁ ႏွစ္ ၆ လခန္႕ရွိ ကေလးငယ္ ၁ ဦးအပါအ၀င္ ၂ ဦး ေသဆုံးၿပီး ၅ ဦး ျပင္းထန္စြာ ဒဏ္ရာမ်ားရရွိခဲ့ကာ ၁ ဦး ေပ်ာက္ဆံုးလ်က္ရွိေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ေဒသခံျပည္သူ ၁၈ ဦး စီးနင္းလုိက္ပါလာေသာ  ခရီးသည္တင္စက္ေလွ  ၁ စီးသည္ ပလက္၀ၿမိဳ႕မွ ေတာင္ၿပိဳၿမိဳ႕ဘက္သို႕ ကုလားတန္ျမစ္အတုိင္း ဒီဇင္ဘာ ၁၀ ရက္ နံနက္ ၈ နာရီခန္႕တြင္ ထြက္ခြာလာခဲ့ရာ ႏႈံးဘူးေက်းရြာသို႕ နံနက္ ၁၁ နာရီ ၄၀ မိနစ္ခန္႕တြင္ ေရာက္ရွိခဲ့ၿပီး ခရီးသည္မ်ား ဆင္းရန္အတြက္ စက္ေလွအား ကမ္းကပ္စဥ္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕က လက္နက္ႀကီးျဖင့္ အေၾကာင္းမဲ့ ေႏွာင့္ယွက္ ပစ္ခတ္ခဲ့ေၾကာင္း၊ အဆုိပါပစ္ခတ္မႈေၾကာင့္ စက္ေလွလက္တန္းအား ထိမွန္ေပါက္ကြဲခဲ့ကာ လိုက္ပါစီးနင္းလာသည့္ ခရီးသည္မ်ားအနက္ အသက္ ၁ ႏွစ္ ၆ လခန္႕ရွိ ကေလးငယ္ ၁ ဦးႏွင့္အမ်ဳိးသမီး ၁ ဦးတုိ႔ ေသဆံုးခဲ့ၿပီး အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔၌ ျပင္းထန္စြာ ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ေၾကာင္းႏွင့္ အမ်ဳိးသား ၁ ဦး ေပ်ာက္ဆံုးလ်က္ရွိ ေၾကာင္း သိရွိရသည္။ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕မ်ားအေနျဖင့္ ပလက္၀ေဒသ ဖြံ႕ၿဖိဳးေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရး ပ်က္ျပားေစရန္ ေႏွာင့္ယွက္ပစ္ခတ္မႈမ်ား ျပဳလုပ္လ်က္ ရွိသည့္အျပင္ ယခုကဲ့သုိ႕ အျပစ္မဲ့ျပည္သူမ်ား ထိခုိက္ေသေက်ဒဏ္ရာရရွိေစရန္ ရည္ရြယ္ခ်က္ရွိရွိ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ဒဏ္ရာရရွိသူမ်ားအား ပလက္၀ျပည္သူ႕ေဆး႐ံုသို႔ ပို႔ေဆာင္ေဆးကုသမႈခံ ယူေစလ်က္ရွိကာ အဆိုပါေနရာတစ္၀ိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ လံုၿခံဳေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

 

ကုလားတန်မြစ်အတွင်း ခရီးသည်တင်ရေယာဉ်အား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး ကုလားတန်မြစ်အတွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ခရီးသည်တင်ရေယာဉ် ၁ စီးအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်  အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့ကာ ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒေသခံပြည်သူ ၁၈ ဦး စီးနင်းလိုက်ပါလာသော  ခရီးသည်တင်စက်လှေ  ၁ စီးသည် ပလက်ဝမြို့မှ တောင်ပြိုမြို့ဘက်သို့ ကုလားတန်မြစ်အတိုင်း ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ထွက်ခွာလာခဲ့ရာ နှုံးဘူးကျေးရွာသို့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ခရီးသည်များ ဆင်းရန်အတွက် စက်လှေအား ကမ်းကပ်စဉ် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် စက်လှေလက်တန်းအား ထိမှန်ပေါက်ကွဲခဲ့ကာ လိုက်ပါစီးနင်းလာသည့် ခရီးသည်များအနက် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၌ ပြင်းထန်စွာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းနှင့် အမျိုးသား ၁ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ပလက်ဝဒေသ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်လျက် ရှိသည့်အပြင် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား ပလက်ဝပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံ ယူစေလျက်ရှိကာ အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News