
 


 


 

(Unicode Version)

 

ဘုတ်ပြင်းမြို့၊ ရာဇမုနိစေတီတော်မြတ်ကြီး သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် 

နေပြည်တော် အောက်တိုဘာ ၃ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရာဇမုနိစေတီတော်မြတ်ကြီးနှင့် အနီးပတ်ဝန်း ကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ် သည်၊ မိသားစုများက စေတီတော်ရင်ပြင် အတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ရေဆေးသန့်စင်ခြင်း၊ ရေညှိခြစ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း စသည့်စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News