တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႔ရအမ်ဳိးသမီး ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၆) ျပန္တမ္း၀င္အရာရွိ ခန့္အပ္ျခင္း အခမ္းအနား က်င္းပ

 

တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႔ရအမ်ဳိးသမီး ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၆) ျပန္တမ္း၀င္အရာရွိ ခန့္အပ္ျခင္း အခမ္းအနား က်င္းပ

ေနျပည္ေတာ္  ဒီဇင္ဘာ  ၂၃

တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)   ဘြဲ႕ရအမ်ဳိးသမီး ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၆) ျပန္တမ္း၀င္အရာရွိ ခန္႔အပ္ျခင္း အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္း ေက်ာင္း(ေမွာ္ဘီ)၊ ျမ၀တီခန္းမ၌ က်င္းပရာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ စစ္ရာထူးခန္႔ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးလူေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ   တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေက်ာင္းအုပ္ႀကီး ဗိုလ္မွဴးခ်ဳပ္ ေဇာ္ႏုိင္ဦး၊ ေက်ာင္းဆင္းဗိုလ္ေလာင္းမ်ားႏွင့္ မိဘေဆြမ်ဳိးမ်ား တက္ေရာက္ၾကသည္။

အခမ္းအနား အစီအစဥ္အရ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးလူေအး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေက်ာင္းအုပ္ႀကီးတို႔သည္ စင္ျမင့္တြင္ ေနရာယူၾကသည္။ ယင္းေနာက္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးလူေအးက    ေက်ာင္းဆင္း ဗိုလ္ေလာင္း တစ္ဦး ခ်င္းစီအား ျပန္တမ္း၀င္ ခန္႔အပ္လႊာမ်ား ေပးအပ္သည္။ ဆက္လက္ၿပီး စစ္ရာထူးခန္႔ခ်ဳပ္က အမွာစကား ေျပာၾကားၿပီး အခမ္းအနားကို ႐ုပ္သိမ္းလုိက္သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ျပန္တမ္း၀င္ အရာရွိခန္႔အပ္ျခင္း အခမ္းအနားတြင္ ေက်ာင္းဆင္းဘြဲ႕ရ အမ်ဳိးသမီး ဗိုလ္ေလာင္းမ်ားအား ဒုတိယဗိုလ္အဆင့္ျဖင့္ ရာထူးခန္႔အပ္ေပးျခင္းျဖစ္သည္။ ဘြဲ႕ရအမ်ဳိးသမီးအရာရွိ ဗိုလ္ေလာင္းသင္တန္းအား တပ္မေတာ္အတြက္အရည္အခ်င္းျပည့္၀သည့္ ဦးစီးအရာရွိမ်ား ေမြးထုတ္ေပးရန္ဆုိသည့္ ရည္ရြယ္ခ်က္ျဖင့္ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)၌ ၂၀၁၄ ခုႏွစ္မွ စတင္ဖြင့္လွစ္သင္ ၾကားခဲ့ၿပီး ယခုအခါ    ဘြဲ႕ရအမ်ဳိးသမီး ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၆)အထိ ေလ့က်င့္ေမြးထုတ္ ေပးႏုိင္ခဲ့ၿပီျဖစ္သည္။

ယခုဘြဲ႕ရအမ်ဳိးသမီး ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၆)တြင္   မဟာသုေတသနဘြဲ႕ ရရွိသူ ငါးဦး၊ မဟာ၀ိဇၨာဘြဲ႕ႏွင့္ မဟာသိပၸံဘြဲ႕ ရရွိသူ ၃၇ ဦး၊ မဟာဘြဲ႕ တက္ေရာက္ရန္ အဆင့္မီသူ ၁၆ ဦး၊ သိပ္ၸံႏွင့္ ၀ိဇၨာဘြဲ႕ရရွိသူ ၄၇ ဦးျဖစ္ေၾကာင္းႏွင့္ သင္တန္းဆင္း အမ်ဳိးသမီးအရာရွိမ်ား အေနျဖင့္  သက္ဆုိင္ရာ (ၾကည္း၊ ေရ၊ ေလ) လက္႐ံုးတပ္ဖြဲ႕မ်ားတြင္    အသီးသီး တာ၀န္ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၃

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)   ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၊ မြဝတီခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော် အရာရှိကြီးများ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး၊ ကျောင်းဆင်းဗိုလ်လောင်းများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အခမ်းအနား အစီအစဉ်အရ ဒုတိယ ဗိုလ်ချုပ်ကြီးလူအေး၊ တပ်မတော်အရာရှိကြီးများနှင့် ကျောင်းအုပ်ကြီးတို့သည် စင်မြင့်တွင် နေရာယူကြသည်။ ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီးလူအေးက    ကျောင်းဆင်း ဗိုလ်လောင်း တစ်ဦး ချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်သည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ်က အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရအမျိုးသမီးအရာရှိ ဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက်အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင် ကြားခဲ့ပြီး ယခုအခါ    ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)အထိ လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်သည်။

ယခုဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)တွင်   မဟာသုတေသနဘွဲ့ ရရှိသူ ငါးဦး၊ မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိသူ ၃၇ ဦး၊ မဟာဘွဲ့ တက်ရောက်ရန် အဆင့်မီသူ ၁၆ ဦး၊ သိပ်္ပံနှင့် ဝိဇ္ဇာဘွဲ့ရရှိသူ ၄၇ ဦးဖြစ်ကြောင်းနှင့် သင်တန်းဆင်း အမျိုးသမီးအရာရှိများ အနေဖြင့်  သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင်    အသီးသီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News