



(Unicode Version)

တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ 

နေပြည်တော် ဇန်နဝါရီ ၁၀ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) ဆက်ဆံရေးရုံး၌ သွားရောက်တွေ့ဆုံသည်။ 

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News