ေက်ာက္တလံုးႀကီးၿမိဳ႕နယ္၊ ပင္တြန္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေက်ာက္တလံုးႀကီးၿမိဳ႕နယ္၊ ပင္တြန္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ ဇန္နဝါရီ  ၁၁

 ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေက်ာက္တလံုးႀကီးၿမိဳ႕နယ္၊ ပင္တြန္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

 ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ငါးပါးႏွင့္ ေဒသခံ တုိင္းရင္းသားျပည္သူ ၃၂ဝ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊  မ်က္စိေရာဂါ၊  ေသြးတိုးေရာဂါ၊ ကေလးေရာဂါ၊   အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူငါးဦးကို ေတာင္ႀကီးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ  ၁၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ငါးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၃၂ဝ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊  မျက်စိရောဂါ၊  သွေးတိုးရောဂါ၊ ကလေးရောဂါ၊   အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူငါးဦးကို တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News