(၂၇)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီး၀ိုင္းၿပိဳင္ပြဲ ဖြင္႕ပြဲအခမ္းအနား က်င္းပ

 

(၂၇)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီး၀ိုင္းၿပိဳင္ပြဲ ဖြင္႕ပြဲအခမ္းအနား က်င္းပ

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၃

 (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ အထိမ္းအမွတ္ (၂၇)ႀကိမ္ေျမာက္ တပ္မ ေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီး၀ိုင္းၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္း စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ သည္။

 အဆိုပါဖြင့္ပြဲ အခမ္းအနားသို႔ (၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ က်င္းပေရး ဦးစီးေကာ္မတီ ဥကၠ႒၊ တပ္မေတာ္ေလ့က်င့္ေရး အရာရွိခ်ဳပ္   ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္၊ စစ္ဦးစီးအရာ ရွိခ်ဳပ္(ေလ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ (၂၇)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)   စစ္တီး၀ိုင္းၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီဥကၠ႒ တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ဇင္မင္းထက္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ၿပိဳင္ပြဲက်င္းပ ေရး ေကာ္မတီ၀င္မ်ား၊ အကဲျဖတ္ အမွတ္ေပး အဖဲြ႕၀င္မ်ား၊ ၿပိဳင္ပြဲ၀င္ စစ္တီး၀ိုင္းအသင္း မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

 ေရွးဦးစြာ  တပ္မေတာ္ေလ့က်င့္ေရး အရာရွိခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ႏုိင္ငံေတာ္ အလံႏွင့္ က်ဆံုးေလၿပီးေသာ တပ္မေတာ္သားမ်ားအား အေလးျပဳၾကၿပီးေနာက္ တပ္မေတာ္ေလ့က်င့္ေရး အရာရွိခ်ဳပ္က အဖြင့္မိန္႔ခြန္း ေျပာၾကားသည္။

 ဆက္လက္၍   တပ္မေတာ္ဂုဏ္ျပဳ စစ္တီး၀ိုင္းအဖဲြ႕က  သ႐ုပ္ျပ တီးခတ္ေဖ်ာ္ေျဖရာ   တပ္မေတာ္ေလ့က်င့္ေရး အရာရွိခ်ဳပ္က  ဂုဏ္ျပဳဆုေငြမ်ား  ေပးအပ္ခ်ီးျမႇင့္သည္။

 အဆိုပါ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ အထိမ္းအမွတ္(၂၇)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီး၀ိုင္း ၿပိဳင္ပြဲကို ၿပိဳင္ပြဲ၀င္အသင္းေပါင္း (၅၃)သင္း ျဖင့္ ဇန္န၀ါရီလ ၂၅ ရက္ေန႔အထိ က်င္းပျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

(၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၃

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် တပ်မ တော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ် သည်။

 အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်   ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီးမိုးအောင်၊ စစ်ဦးစီးအရာ ရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)   စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပ ရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ  တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီးနောက် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

 ဆက်လက်၍   တပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့က  သရုပ်ပြ တီးခတ်ဖျော်ဖြေရာ   တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်သည်။

 အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ်(၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း (၅၃)သင်း ဖြင့် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   

  

 

Recent News