ျမ၀တီၿမိဳ႕နယ္၊ ေကာ့ေကာ္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ျမ၀တီၿမိဳ႕နယ္၊ ေကာ့ေကာ္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၃

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ေကာ့ေကာ္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ စိတၱသုခေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ခုနစ္ပါးႏွင့္ ေဒသခံ ျပည္သူ ၁၀၅ ဦးတို႔အား ေသြးတိုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍   လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ Ultrasound ႐ိုက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသုိ႔ေဆာင္ရြက္ေနမႈမ်ားကို ဒုတိယတိုင္းမွဴး ဗုိလ္မွဴးခ်ဳပ္ေအာင္သီဟႏွင့္ အဖြဲ႕၀င္မ်ားက   သြားေရာက္ၾကည့္႐ႈ အားေပးၿပီး စိတၱသုခေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၱေတဇိႏၵအား ဖူးေျမာ္ကာ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ ပစၥည္းမ်ား   ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ စိတ္တသုခကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်ခုနစ်ပါးနှင့် ဒေသခံ ပြည်သူ ၁၀၅ ဦးတို့အား သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သီဟနှင့် အဖွဲ့ဝင်များက   သွားရောက်ကြည့်ရှု အားပေးပြီး စိတ္တသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား ဖူးမြော်ကာ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ် ပစ္စည်းများ   ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News