
 



(Uicode Version)

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ သန့်ရှင်းရေး ပြုလုပ်
နေပြည်တော်    ဇန်နဝါရီ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း၏ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာမှု ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊    မင်္ဂလာဒုံတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ပြန်လည်တူးဖော်ပေးခြင်း စသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

 

Recent News