ရပ္ေစာက္ၿမိဳ႕နယ္၊ ေတာင္ေကြးေက်းရြာႏွင့္ပတ္၀န္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ရပ္ေစာက္ၿမိဳ႕နယ္၊ ေတာင္ေကြးေက်းရြာႏွင့္ပတ္၀န္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေတာင္ေကြးေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားရွိ  သံဃာေတာ္မ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားကို ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္သံုးပါးႏွင့္ ေဒသခံ တိုင္းရင္းသားျပည္သူ ၂၂၄ ဦးတို႔အား သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ ေသြးတိုးေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ သံုးဦးအား ဗထူးတပ္ၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ ေဆး႐ံုသုိ႔ တက္ေရာက္ ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရပ်စောက်မြို့နယ်၊ တောင်ကွေးကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့်ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ တောင်ကွေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ  သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၂၂၄ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ သုံးဦးအား ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News