အိႏၵိယကမ္းေျခေစာင္႕တပ္ဖဲြ႔မွ စစ္ေရယာဥ္ႏွစ္စင္းခ်စ္ၾကည္ေရးခရီးေရာက္ရွိ

 

အိႏၵိယကမ္းေျခေစာင္႕တပ္ဖဲြ႔မွ စစ္ေရယာဥ္ႏွစ္စင္းခ်စ္ၾကည္ေရးခရီးေရာက္ရွိ

ေနျပည္ေတာ္  ဇန္နဝါရီ  ၁၃

အိႏၵိယကမ္းေျခေစာင့္ တပ္ဖဲြ႕မွ ကမ္းလြန္ ကင္းလွည့္ေရယာဥ္  ICGS  Sujay ႏွင့္ အျမန္သြား ကင္းလွည့္ ေရယာဥ္ ICGS Sarojini Naidu တို႔သည္ ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံေတာ္သို႔  ခ်စ္ၾကည္ေရး ခရီး လည္ပတ္ရန္ အတြက္ ယေန႔ ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ  သီလဝါဆိပ္ကမ္း MITT တံတားသို႔ ေရာက္ရွိလာရာ တပ္မေတာ္ (ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံေရတပ္ စစ္သံမွဴးႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကသည္။

အဆိုပါစစ္ေရယာဥ္မ်ားအား  အဖဲြ႕ ေခါင္းေဆာင္ အျဖစ္ ဗုိလ္မွဴးခ်ဳပ္အဆင့္ရွိ Deputy Inspector General Anurag Kaushik ဦးေဆာင္၍ အရာရွိ၊ စစ္သည္၊ စုစုေပါင္း ၁၅၃ ဦးလိုက္ပါလာၿပီး ဇန္နဝါရီ ၁၆ရက္အထိ ေလးရက္ၾကာ ေနထိုင္၍ ရန္ကုန္ၿမိဳ႕ရွိ အထင္ကရ ေနရာမ်ားသို႔ ေလ့လာ လည္ပတ္ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်နှစ်စင်းချစ်ကြည်ရေးခရီးရောက်ရှိ
နေပြည်တော်  ဇန်နဝါရီ  ၁၃

အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ ကမ်းလွန် ကင်းလှည့်ရေယာဉ်  ICGS  Sujay နှင့် အမြန်သွား ကင်းလှည့် ရေယာဉ် ICGS Sarojini Naidu တို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့  ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ  သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များအား  အဖွဲ့ ခေါင်းဆောင် အဖြစ် ဗိုလ်မှူးချုပ်အဆင့်ရှိ Deputy Inspector General Anurag Kaushik ဦးဆောင်၍ အရာရှိ၊ စစ်သည်၊ စုစုပေါင်း ၁၅၃ ဦးလိုက်ပါလာပြီး ဇန်နဝါရီ ၁၆ရက်အထိ လေးရက်ကြာ နေထိုင်၍ ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာ လည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News