
 





(Unicode Version)

ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် GENERAL VONG PISEN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏  ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား ဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  General VONG PISEN  ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘော ဒီးယားစစ်သံမှူး Col. Keo Cheysothearith နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆို နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News