
 





(Unicode Version)

ပခုက္ကူမြို့နယ်၊ စံပြကိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၃

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စံပြကိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် ကိုင်းရွာ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဗောဓိရွှေကျောင်း ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် နှစ်ပါး၊ ဒေသခံ ပြည်သူ ၁၇၆ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၄၂ ဦးတို့အား မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News