မိုင္းဆတ္ၿမိဳ႕နယ္ႏွင့္ မိုင္းတံုၿမိဳ႕နယ္တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္္ရြက္

 

မိုင္းဆတ္ၿမိဳ႕နယ္ႏွင့္ မိုင္းတံုၿမိဳ႕နယ္တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္္ရြက္

ေနျပည္ေတာ္  ဇန္နဝါရီ  ၁၃

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္၊ က်တီေက်းရြာႏွင့္ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က  အဆိုပါေက်းရြာရွိ ေက်းဇူးေတာ္ခန္းမ၌  က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၁၄၈ ဦးႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူ ၁၂၅ ဦးတို႔အား သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊  သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

အလားတူ ယေန႔နံနက္ပိုင္းတြင္ ေဆးကုသေရးအဖြဲ႕က မိုင္းတံုၿမိဳ႕နယ္၊ မဲကင္းေက်းရြာရွိ သံဃာေတာ္သံုးပါးႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူ ၁၂၅ ဦးတို႔ကို အဆိုပါ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌   ရာသီတုပ္ေကြးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ဆီးလမ္းေၾကာင္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား   ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က  အဆိုပါကျေးရွာရှိ ကျေးဇူးတော်ခန်းမ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁၄၈ ဦးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၂၅ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊  သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ဆေးကုသရေးအဖွဲ့က မိုင်းတုံမြို့နယ်၊ မဲကင်းကျေးရွာရှိ သံဃာတော်သုံးပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၂၅ ဦးတို့ကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌   ရာသီတုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးလမ်းကြောင်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   

 

 

Recent News