တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီးဝုိင္းၿပိဳင္ပြဲ ပထမေန႔က်င္းပ 

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီးဝုိင္းၿပိဳင္ပြဲ ပထမေန႔က်င္းပ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၄ 

(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ အထိမ္းအမွတ္ (၂၇)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီးဝုိင္းၿပိဳင္ပြဲ ပထမေန႔အုပ္စု(၁) ၿပိဳင္ပြဲမ်ားကို ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခုိေရးစခန္း စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ေရ) ကုိယ္စားျပဳ စစ္တီးဝုိင္းအသင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ေလ)ကိုယ္စားျပဳ စစ္တီးဝုိင္း အသင္း၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကုိယ္စားျပဳ ရဲတီးဝုိင္းအသင္းႏွင့္ စစ္တကၠသိုလ္ကုိယ္စားျပဳ စစ္တီးဝုိင္းအသင္းတုိ႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး အုပ္စု(၂)ၿပိဳင္ပြဲမ်ားကို ေန႔လယ္ပုိင္းတြင္ ဆက္လက္ျပဳလုပ္ရာ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ကိုယ္စားျပဳ စစ္တီးဝုိင္းအသင္းႏွင့္ အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္တီးဝုိင္းအသင္းတို႔ အသီးသီး ယွဥ္ၿပိဳင္ခဲ့ၾကသည္။ 

အဆုိပါၿပိဳင္ပြဲကို (၂၇)ႀကိမ္ေျမာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) စစ္တီးဝိုင္း ၿပိဳင္ပြဲက်င္းပေရး ေကာ္မတီဥကၠ႒ တြဲဖက္ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ဇင္မင္းထက္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုိင္အဖြဲ႕ဝင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား ၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ပထမနေ့ကျင်းပ 

နေပြည်တော် ဇန်နဝါရီ ၁၄ 

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ပထမနေ့အုပ်စု(၁) ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု ရဲတီးဝိုင်းအသင်းနှင့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု(၂)ပြိုင်ပွဲများကို နေ့လယ်ပိုင်းတွင် ဆက်လက်ပြုလုပ်ရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။ 

အဆိုပါပြိုင်ပွဲကို (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News