တာခ်ီလိတ္ၿမိဳ႔နယ္၊ စန္းလုေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

တာခ်ီလိတ္ၿမိဳ႔နယ္၊ စန္းလုေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၄ 

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာ အုပ္စု၊ စန္းလုေက်းရြာရွိ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ စိန္႔ၾသဂုတ္ စတင္းဘုရား ရွိခုိးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံ တုိင္းရင္းသားျပည္သူ ၁၅၇ ဦးတုိ႔ကို ေဆးကုသမႈဆုိင္ရာ ေရာဂါ၊ေသြးတိုးေရာဂါ၊ အဆုတ္ေရာင္ေရာဂါ၊ ကေလးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို နယ္ေျမခံတပ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေက်းရြာရွိ အေျခခံပညာ မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စာေရးကိရိယာမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၁၄ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အုပ်စု၊ စန်းလုကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ စိန့်သြဂုတ် စတင်းဘုရား ရှိခိုးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၅၇ ဦးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊သွေးတိုးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News