ခႏ္ၲီးၿမိဳ႔နယ္၊ ဖားေမာင္ေက်းရြာ အေျခခံပညာ မူလတန္းေက်ာင္း၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ခႏ္ၲီးၿမိဳ႔နယ္၊ ဖားေမာင္ေက်းရြာ အေျခခံပညာ မူလတန္းေက်ာင္း၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၄

 စစ္ကုိင္းတုိင္းေဒသႀကီး၊ ခႏ္ၲီးၿမိဳ႕နယ္၊ ဖားေမာင္ေက်းရြာရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ အေသာကရာမ-မစိုးရိမ္ေက်ာင္းတုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ႏွစ္ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၄၅ ဦးႏွင့္ ေဒသခံျပည္သူ ၇၀ ဦးတုိ႔အား အေထြေထြ အားနည္းေရာဂါ၊ မ်က္စိေရာဂါ၊ ဆီးလမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါ တု႔ိႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လုိအပ္သူ ႏွစ္ဦးကို ခႏ္ၲီးၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသုိ႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

ယင္းသုိ႔ေဆာင္ရြက္ေပးမႈမ်ားကို ခႏ္ၲီးတပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၱကုလ၀ံသအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းကာ ေက်းရြာအေျခခံပညာ မူလတန္း ေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခန်္တီးမြို့နယ်၊ ဖားမောင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန်္တီးမြို့နယ်၊ ဖားမောင်ကျေးရွာရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အသောကရာမ-မစိုးရိမ်ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှစ်ပါး၊ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးနှင့် ဒေသခံပြည်သူ ၇၀ ဦးတို့အား အထွေထွေ အားနည်းရောဂါ၊ မျက်စိရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါ တု့ိနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ နှစ်ဦးကို ခန်္တီးမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးမှုများကို ခန်္တီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုလဝံသအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျေးရွာအခြေခံပညာ မူလတန်း ကျောင်းရှိ ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News