




(Unicode Version)

ရေဖြူမြို့နယ်၊ ဒေါက်လောက်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၁၄ 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဒေါက်လောက်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ရတနာမဉ္စကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် နှစ်ပါးနှင့် ဒေသခံပြည်သူ ၇၅ ဦး တို့အား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊အရိုး/အကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရော ဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News