တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႔ မႏၱေလးတုိင္း ေဒသႀကီးအတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ရန္ ထြက္ခြာ 

တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႔ မႏၱေလးတုိင္း ေဒသႀကီးအတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ရန္ ထြက္ခြာ 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၄ 

 

မႏၲေလးတုိင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ မိတၳီလာၿမိဳ႕နယ္ႏွင့္ သာစည္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္ ပါရဂူမ်ား၊ ေဆးမွဴးမ်ားႏွင့္ သူနာျပဳမ်ား ပါဝင္ေသာ တပ္မေတာ္နယ္လွည့္အထူး ေဆးကုသေရးအဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္မွ စတင္ထြက္ခြာသြားသည္။ 

 

အဆိုပါ တပ္မေတာ္နယ္လွည့္အထူးေဆး ကုသေရးအဖဲြ႕ႏွင့္အတူ ေရြ႕လ်ားခြဲစိတ္ ကုသယာဥ္၊ ေရြ႕လ်ားဓာတ္မွန္ ႐ိုက္ယာဥ္၊ ေရြ႕လ်ားဓာတ္ခြဲခန္းယာဥ္ႏွင့္ သြားေရာဂါ ခြဲစိတ္ကုသေရးယာဥ္တို႔ ပါဝင္ၿပီး မႏၲေလးတုိင္းေဒသႀကီး၊ ရမည္းသင္း၊ ေပ်ာ္ဘြယ္၊ မိတၳီလာႏွင့္ သာစည္ၿမိဳ႕နယ္တို႔ရွိ ေက်းရြာ မ်ားမွ ေဒသခံျပည္သူမ်ားအား လိုအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာ 

နေပြည်တော် ဇန်နဝါရီ ၁၄ 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာသွားသည်။ 

အဆိုပါ တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် သွားရောဂါ ခွဲစိတ်ကုသရေးယာဉ်တို့ ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာနှင့် သာစည်မြို့နယ်တို့ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News