စစ္ကိုင္းၿမိဳ႕ရွိ စစ္ကိုင္းေတာင္႐ိုး သီတဂူေရ အလွဴေတာ္အတြက္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္း 

စစ္ကိုင္းၿမိဳ႕ရွိ စစ္ကိုင္းေတာင္႐ိုး သီတဂူေရ အလွဴေတာ္အတြက္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္း 

ေနျပည္ေတာ္ ဇန္နဝါရီ ၁၄ 

စစ္ကုိင္းတုိင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ရွိ စစ္ကိုင္းေတာင္႐ိုး သီတဂူေရအလွဴေတာ္ အတြက္ ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ႏွင့္ အလွဴရွင္မ်ား၏ ဥဒကဒါနထာဝရေငြပင္ အလွဴေတာ္မဂၤလာကို ယေန႔ေန႔လယ္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ ဗလမင္းထင္ခန္းမ၌ ျပဳလုပ္ရာ သီတဂူကမၻာ့ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူေဆး႐ံုေတာ္မ်ား၏ အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက၊ ဗဟုဇနဟိတဓရ၊ တြဲဖက္ ေရႊက်င္သာသနာပိုင္ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက သီတဂူဆရာေတာ္ ဘုရားႀကီးထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ ထို႔ေနာက္ တုိင္းမွဴးက သီတဂူေရအလွဴေတာ္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းရျခင္းႏွင့္ ပတ္သက္၍ ေလွ်ာက္ထားၿပီး ဆရာေတာ္ဘုရားႀကီးအား သကၤန္းဆက္ကပ္လွဴဒါန္းသည္။ ၄င္းေနာက္ တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက စစ္ကုိင္းေတာင္႐ိုး သီတဂူေရအလွဴေတာ္အတြက္ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းရာ တာဝန္ရွိသူ တစ္ဦးက လက္ခံရယူၿပီး သီတဂူဆရာေတာ္ဘုရားႀကီးက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။ ဆက္လက္၍ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက သီတဂူဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူသည့္ အႏုေမာဒနာ တရားနာၾကားၾကၿပီး လွဴဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

စစ်ကိုင်းမြို့ရှိ စစ်ကိုင်းတောင်ရိုး သီတဂူရေ အလှူတော်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း 

နေပြည်တော် ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော် အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အလှူရှင်များ၏ ဥဒကဒါနထာဝရငွေပင် အလှူတော်မင်္ဂလာကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးက သီတဂူရေအလှူတော် အလှူငွေများ ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လျှောက်ထားပြီး ဆရာတော်ဘုရားကြီးအား သင်္ကန်းဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် တိုင်းမှူးနှင့် အလှူရှင်များက စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူပြီး သီတဂူဆရာတော်ဘုရားကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News