AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက အျပစ္မဲ႕ျပည္သူ ႏွစ္ဦးအား အေၾကာင္းမဲ႕ဖမ္းဆီး ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္

AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက အျပစ္မဲ႕ျပည္သူ ႏွစ္ဦးအား အေၾကာင္းမဲ႕ဖမ္းဆီး ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၅

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ ရခုိင္ျပည္နယ္အတြင္း 2020  Arakan  Dream အား အေကာင္အထည္ေဖာ္ႏိုင္ရန္   ေဒသခံျပည္သူလူထု အေပၚ အေၾကာက္တရားျဖင့္ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ေရး အတြက္ ေဒသခံျပည္သူလူထု အပါအ၀င္ ေဒသအတြင္း ၀င္/ထြက္သြားလာေနသည့္ ခရီးသြား လုပ္သားျပည္သူမ်ား၊ အသက္ေမြး၀မ္းေက်ာင္း အတြက္ ၀င္/ထြက္သြားလာ ေနသူမ်ားအား ဖမ္းဆီးျခင္း၊  သတ္ျဖတ္ျခင္းမ်ား ေဆာင္ရြက္လ်က္ အၾကမ္းဖက္ရာဇ၀တ္မႈမ်ား ဆက္တိုက္ က်ဴးလြန္လ်က္ရွိသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားႏွင့္ ပတ္သက္၍ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခ႐ိုင္၊   ေရဦးၿမိဳ႕နယ္၊   ပုဏၰကားေက်းရြာေန ဦးသိန္းလြင္က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးသုိ႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္းက အသနားခံ တင္ျပစာတစ္ေစာင္ တင္ျပခဲ့သည္။ ၎တင္ျပစာ၌ ဦးသိန္းလြင္ အပါအ၀င္ ပုဏၰကားေက်းရြာသား အခ်ဳိ႕သည္ ျမန္မာႏိုင္ငံ အႏွံ႔အျပားသို႔ ေစ်းလွည့္လည္ေရာင္းခ်ရင္း ရခုိင္ျပည္နယ္ဘက္သုိ႔ ၂၀၀၆ ခုႏွစ္မွစ၍ မုိးကာ၊ သံေသတၱာ၊ ဘက္ထရီ၊ ဆိုလာ စသည့္ လူသုံးကုန္ပစၥည္းမ်ားအားတစ္ရြာ၀င္/ထြက္ လွည့္လည္ေရာင္းခ်၍   ႐ိုးသားစြာ အသက္ေမြး၀မ္းေက်ာင္း ျပဳေနသူမ်ားျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕၊ ေက်ာက္ရစ္ေကရပ္ကြက္ရွိ ဦးေအာင္ထြန္းေက်ာ္ ေနအိမ္၌ အိမ္ငွားေန၍ ေက်းရြာ အသီးသီးသုိ႔ ေစ်းလွည့္လည္ ေရာင္းခ်စဥ္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၁၈ ရက္ေန႔တြင္ ေအာက္သားကန္ရြာ၊ ဗ်ဳိင္းေတာင္ေျခရြာ တို႔ဘက္မွ ပစၥည္းမ်ား မွာယူသျဖင့္ ၎တို႔အထဲမွ ေမာင္မ်ဳိးထုိက္၀င္းသည္ ဆုိင္ကယ္ျဖင့္ ပစၥည္းမ်ား သြားေရာက္ပုိ႔ခဲ့ေၾကာင္း၊ ေမာင္မ်ဳိးထုိက္၀င္း ျပန္မလာသျဖင့္ ေဖေဖာ္၀ါရီလ ၁၉  ရက္ေန႔တြင္   ဦးစိုးႏုိင္ႏွင့္ ေမာင္ရာဇာထြန္းတို႔ႏွစ္ဦးက ထပ္မံလိုက္လံရွာေဖြရာ ထပ္မံေပ်ာက္ဆုံးသြားေၾကာင္းႏွင့္ တိမ္ညိဳ ရဲစခန္း၌ လူေပ်ာက္ တိုင္ၾကားခဲ့ေၾကာင္း၊ ၎တို႔သုံးဦးအား ၀ိုင္း၀န္းကူညီ ရွာေဖြေပးႏိုင္ပါရန္   အကူအညီ ေတာင္းခံပါေၾကာင္း ေရးသား တိုင္ၾကားခဲ့ပါသည္။

၎ကိစၥႏွင့္ပတ္သက္၍ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္က သတင္းေဖာ္ထုတ္ စုံစမ္းျခင္းမ်ား ေဆာင္ရြက္ခဲ့ရာ ၎တို႔သုံးဦး ေပ်ာက္ဆုံးမႈအား ေျမာက္ဦးၿမိဳ႕မရဲစခန္း၌ လူေပ်ာက္တိုင္ခ်က္ ဖြင့္ခဲ့ေၾကာင္း ေတြ႕ရွိရၿပီး   စုံစမ္းရွာေဖြေပးႏိုင္ေရး ေက်ာက္ေတာ္၊ မင္းျပား၊ ပုဏၰားကၽြန္း၊ေျမာင္းေဘြ၊ တိမ္ညိဳနယ္ေျမ ရဲစခန္းမ်ားသို႔လည္း အေၾကာင္းၾကားထားေၾကာင္း ေတြ႕ရွိရပါသည္။ စုံစမ္းသိရွိခ်က္မ်ားအရ  ၎တို႔သုံးဦးသည္ ၂၀၀၆ ခုႏွစ္ အတြင္းကပင္ နယ္ေျမအတြင္း ႐ိုးသားစြာ လွည့္လည္ ေစ်းေရာင္းေနသူမ်ားျဖစ္ၿပီး ေဒသခံမ်ားႏွင့္ ရင္းႏွီးသူမ်ားျဖစ္သျဖင့္   AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ဖမ္းဆီးျခင္းခံရမႈ ျဖစ္ႏိုင္ေၾကာင္း   ေတြ႕ရွိရပါသည္။

ေပ်ာက္ဆုံးေနသူသုံးဦး၏ သတင္းအား နယ္ေျမခံတပ္မ်ားက သတင္းဆက္စုံစမ္း ေဖာ္ထုတ္ျခင္းကို အဆက္မျပတ္ေဆာင္ရြက္ခဲ့ရာ   AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား၊ အျပစ္မ့ဲျပည္သူမ်ားအေပၚ က်ဴးလြန္သည့္ အၾကမ္းဖက္ လုပ္ရပ္မ်ားကို လက္မခံၾကေသာ   ေဒသခံ တာ၀န္သိျပည္သူမ်ားက တာ၀န္ရွိသူမ်ားထံသို႔    AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက အရပ္သားျပည္သူ ႏွစ္ဦးအား ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ ခဲ့သည့္    ဗီဒီယိုဖိုင္တစ္ခု ေပးပို႔လ်က္ သတင္းေပးပုိ႔ တိုင္ၾကားခဲ့သျဖင့္ ၎ဗီဒီယိုဖိုင္အေပၚ ထပ္မံစုံစမ္း စိစစ္ေဖာ္ထုတ္မႈမ်ား ေဆာင္ရြက္ခဲ့ပါသည္။

စုံစမ္းေဖာ္ထုတ္ခ်က္မ်ားအရ   ဗီဒီယိုဖိုင္တြင္ ပါရွိသည့္ အေၾကာင္းမဲ့ဖမ္းဆီး ႏွိပ္စက္ညႇဥ္းပန္း ခံေနရေသာ အျပစ္မဲ့ျပည္သူ အရပ္သားႏွစ္ဦးမွာ  စစ္ကိုင္းတိုင္း ေဒသႀကီး၊ ေရႊဘိုခ႐ိုင္၊ ေရဦးၿမိဳ႕နယ္၊ ပုဏၰကားေက်းရြာေန ေမာင္ရာဇာထြန္း (၂၂)ႏွစ္၊ ၅/ရဥန(ႏိုင္) ၁၂၆၆၉၉(အဘ) ဦးႏိုင္ေအာင္ႏွင့္ ဦးစိုးႏိုင္(ခ) ကိုရင္ႀကီး(အဘ) ဦးဘလိႈင္တို႔ျဖစ္ေၾကာင္း၊ ၎တို႔ႏွစ္ဦးသည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔တြင္ ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္သို႔ ေစ်းေရာင္းသြားရာမွ ေပ်ာက္ဆုံးခဲ့ေၾကာင္း၊ ၎တို႔ႏွစ္ဦးအား  ဗီဒီယိုဖိုင္တြင္ ပါရွိသည့္အတုိင္း ေျမာက္ဦးၿမိဳ႕နယ္၊ မၾကားရြာအ၀င္လမ္းတြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ ULA  တာ၀န္ခံ ဗန္ဒိုေခါင္းေဆာင္သည့္ အဖြဲ႕က အေၾကာင္းမဲ့ ဖမ္းဆီးညႇဥ္းပန္း ႏွိပ္စက္ခဲ့ေၾကာင္း၊ ဖမ္းဆီးညႇဥ္းပန္း ႏွိပ္စက္မႈေၾကာင့္ပင္ ႏွစ္ဦးစလုံးမွာ ေသဆုံးသြားခဲ့ရေၾကာင္း သိရွိရပါသည္။

အလားတူ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ ဖမ္းဆီးရမိသူမ်ားအား ညႇဥ္းပန္းႏွိပ္စက္သည့္ ဗီဒီယိုဖိုင္မ်ား၊ ရက္စက္စြာ ၀ါးရင္းတုတ္ျဖင့္ ႐ိုက္သတ္သည့္ ဗီဒီယိုဖိုင္မ်ား  လူမႈကြန္ရက္၌ ပ်ံ႕ႏွံ႔လ်က္ရွိၿပီး ၎ျဖစ္စဥ္မ်ားမွာလည္း  AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက က်ဴးလြန္လ်က္ရွိသည့္ ရက္စက္ၾကမ္းၾကဳတ္သည့္ ရာဇ၀တ္မႈမ်ား ျဖစ္ေၾကာင္း သတင္းဆက္စပ္ ေဖာ္ထုတ္ရရွိသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ ၎တို႔အဖြဲ႕အား ေထာက္ခံအားေပးမႈ မရွိသည့္ ရခုိင္တိုင္းရင္းသားမ်ား အပါအ၀င္ အျခားအျပစ္မဲ့ျပည္သူမ်ား၊ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕တို႔မွ သက္ျပည့္အၿငိမ္းစား ယူထားသူမ်ား၊ က်န္းမာေရးေၾကာင့္ အနားယူထားသူမ်ား စသည့္ စစ္မႈထမ္းေဟာင္းမ်ား၊ ရဲမႈထမ္းေဟာင္းမ်ားႏွင့္ ဌာနဆိုင္ရာ ၀န္ထမ္းမ်ားကို  အေၾကာင္းမဲ့ ဖမ္းဆီး၍ လူမဆန္စြာ သတ္ျဖတ္ျခင္း၊ ျပန္ေပးဆြဲျခင္း စသည့္ အၾကမ္းဖက္လုပ္ရပ္မ်ား မၾကာခဏ ေဆာင္ရြက္လ်က္ရွိရာ ယေန႔အထိ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက သတ္ျဖတ္ခဲ့ေသာ ျပည္သူ ၂၉ ဦးရွိၿပီး AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္ မိုင္းနင္းမိ၍ ေသဆုံးခဲ့သည့္ အရပ္သား ၁၁ ဦး၊ ဒဏ္ရာရရွိသူ ၂၆ ဦးရွိေၾကာင္း သိရွိရသည္။

ထုိသို႔အၾကမ္းဖက္ ႏွိပ္စက္မႈမ်ား၊ လူမ်ဳိးေရး ခြဲျခားမႈမ်ားေၾကာင့္ ေဒသခံျပည္သူလူထု၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ  AA  အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအား မၾကာခဏ ေၾကညာခ်က္မ်ား ထုတ္ျပန္ ကန္႔ကြက္လ်က္ရိွၿပီး ၎တို႔၏ လုပ္ရပ္မ်ားအေပၚ စက္ဆုပ္ရြံရွာလ်က္ ရွိေၾကာင္း သိရွိရသည္။ အဆိုပါ အျပစ္မဲ့ျပည္သူႏွစ္ဦး ေသဆုံးရျခင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း ဗီဒီယိုဖုိင္ပါ အၾကမ္းဖက္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ားအား  သက္ဆိုင္ရာရဲစခန္းတြင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒႏွင့္ အျခားသက္ဆိုင္ရာ ဥပေဒမ်ားျဖင့္  အမႈဖြင့္ အေရးယူ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက် သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်

နေပြည်တော် ဇန်နဝါရီ ၁၅

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း 2020  Arakan  Dream အား အကောင်အထည်ဖော်နိုင်ရန်   ဒေသခံပြည်သူလူထု အပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အတွက် ဒေသခံပြည်သူလူထု အပါအဝင် ဒေသအတွင်း ဝင်/ထွက်သွားလာနေသည့် ခရီးသွား လုပ်သားပြည်သူများ၊ အသက်မွေးဝမ်းကျောင်း အတွက် ဝင်/ထွက်သွားလာ နေသူများအား ဖမ်းဆီးခြင်း၊  သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် အကြမ်းဖက်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊   ရေဦးမြို့နယ်၊   ပုဏ္ဏကားကျေးရွာနေ ဦးသိန်းလွင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက အသနားခံ တင်ပြစာတစ်စောင် တင်ပြခဲ့သည်။ ၎င်းတင်ပြစာ၌ ဦးသိန်းလွင် အပါအဝင် ပုဏ္ဏကားကျေးရွာသား အချို့သည် မြန်မာနိုင်ငံ အနှံ့အပြားသို့ ဈေးလှည့်လည်ရောင်းချရင်း ရခိုင်ပြည်နယ်ဘက်သို့ ၂၀၀၆ ခုနှစ်မှစ၍ မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ စသည့် လူသုံးကုန်ပစ္စည်းများအားတစ်ရွာဝင်/ထွက် လှည့်လည်ရောင်းချ၍   ရိုးသားစွာ အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ ဦးအောင်ထွန်းကျော် နေအိမ်၌ အိမ်ငှားနေ၍ ကျေးရွာ အသီးသီးသို့ ဈေးလှည့်လည် ရောင်းချစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အောက်သားကန်ရွာ၊ ဗျိုင်းတောင်ခြေရွာ တို့ဘက်မှ ပစ္စည်းများ မှာယူသဖြင့် ၎င်းတို့အထဲမှ မောင်မျိုးထိုက်ဝင်းသည် ဆိုင်ကယ်ဖြင့် ပစ္စည်းများ သွားရောက်ပို့ခဲ့ကြောင်း၊ မောင်မျိုးထိုက်ဝင်း ပြန်မလာသဖြင့် ဖေဖော်ဝါရီလ ၁၉  ရက်နေ့တွင်   ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့နှစ်ဦးက ထပ်မံလိုက်လံရှာဖွေရာ ထပ်မံပျောက်ဆုံးသွားကြောင်းနှင့် တိမ်ညို ရဲစခန်း၌ လူပျောက် တိုင်ကြားခဲ့ကြောင်း၊ ၎င်းတို့သုံးဦးအား ဝိုင်းဝန်းကူညီ ရှာဖွေပေးနိုင်ပါရန်   အကူအညီ တောင်းခံပါကြောင်း ရေးသား တိုင်ကြားခဲ့ပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က သတင်းဖော်ထုတ် စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့သုံးဦး ပျောက်ဆုံးမှုအား မြောက်ဦးမြို့မရဲစခန်း၌ လူပျောက်တိုင်ချက် ဖွင့်ခဲ့ကြောင်း တွေ့ရှိရပြီး   စုံစမ်းရှာဖွေပေးနိုင်ရေး ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊မြောင်းဘွေ၊ တိမ်ညိုနယ်မြေ ရဲစခန်းများသို့လည်း အကြောင်းကြားထားကြောင်း တွေ့ရှိရပါသည်။ စုံစမ်းသိရှိချက်များအရ  ၎င်းတို့သုံးဦးသည် ၂၀၀၆ ခုနှစ် အတွင်းကပင် နယ်မြေအတွင်း ရိုးသားစွာ လှည့်လည် ဈေးရောင်းနေသူများဖြစ်ပြီး ဒေသခံများနှင့် ရင်းနှီးသူများဖြစ်သဖြင့်   AA အကြမ်းဖက်သောင်းကျန်းသူများ၏ ဖမ်းဆီးခြင်းခံရမှု ဖြစ်နိုင်ကြောင်း   တွေ့ရှိရပါသည်။

ပျောက်ဆုံးနေသူသုံးဦး၏ သတင်းအား နယ်မြေခံတပ်များက သတင်းဆက်စုံစမ်း ဖော်ထုတ်ခြင်းကို အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ   AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံကြသော   ဒေသခံ တာဝန်သိပြည်သူများက တာဝန်ရှိသူများထံသို့    AA အကြမ်းဖက် သောင်းကျန်းသူများက အရပ်သားပြည်သူ နှစ်ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခဲ့သည့်    ဗီဒီယိုဖိုင်တစ်ခု ပေးပို့လျက် သတင်းပေးပို့ တိုင်ကြားခဲ့သဖြင့် ၎င်းဗီဒီယိုဖိုင်အပေါ် ထပ်မံစုံစမ်း စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းဖော်ထုတ်ချက်များအရ   ဗီဒီယိုဖိုင်တွင် ပါရှိသည့် အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်ညှဉ်းပန်း ခံနေရသော အပြစ်မဲ့ပြည်သူ အရပ်သားနှစ်ဦးမှာ  စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ မောင်ရာဇာထွန်း (၂၂)နှစ်၊ ၅/ရဥန(နိုင်) ၁၂၆၆၉၉(အဘ) ဦးနိုင်အောင်နှင့် ဦးစိုးနိုင်(ခ) ကိုရင်ကြီး(အဘ) ဦးဘလှိုင်တို့ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သို့ ဈေးရောင်းသွားရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား  ဗီဒီယိုဖိုင်တွင် ပါရှိသည့်အတိုင်း မြောက်ဦးမြို့နယ်၊ မကြားရွာအဝင်လမ်းတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ULA  တာဝန်ခံ ဗန်ဒိုခေါင်းဆောင်သည့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း၊ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်မှုကြောင့်ပင် နှစ်ဦးစလုံးမှာ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါသည်။

အလားတူ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ဖမ်းဆီးရမိသူများအား ညှဉ်းပန်းနှိပ်စက်သည့် ဗီဒီယိုဖိုင်များ၊ ရက်စက်စွာ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်သည့် ဗီဒီယိုဖိုင်များ  လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိပြီး ၎င်းဖြစ်စဉ်များမှာလည်း  AA အကြမ်းဖက်သောင်းကျန်းသူများက ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း သတင်းဆက်စပ် ဖော်ထုတ်ရရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှု မရှိသည့် ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားအပြစ်မဲ့ပြည်သူများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ သက်ပြည့်အငြိမ်းစား ယူထားသူများ၊ ကျန်းမာရေးကြောင့် အနားယူထားသူများ စသည့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို  အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၂၆ ဦးရှိကြောင်း သိရှိရသည်။

ထိုသို့အကြမ်းဖက် နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြားမှုများကြောင့် ဒေသခံပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များမှ  AA  အကြမ်းဖက် သောင်းကျန်းသူများအား မကြာခဏ ကြေညာချက်များ ထုတ်ပြန် ကန့်ကွက်လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များအပေါ် စက်ဆုပ်ရွံရှာလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးရခြင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဗီဒီယိုဖိုင်ပါ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား  သက်ဆိုင်ရာရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများဖြင့်  အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Recent News