ေတာင္ငူၿမိဳ႕၊ ေတာင္ငူပညာေရး ေကာလိပ္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေတာင္ငူၿမိဳ႕၊ ေတာင္ငူပညာေရး ေကာလိပ္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

 ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ေတာင္ငူပညာေရး ေကာလိပ္ရွိ  ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ပညာေရး၀န္ထမ္းမ်ားအား ယေန႔နံနက္ပိုင္းတြင္   ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေကာလိပ္ရွိ ျမတ္ရတနာခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

 ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမ ၁၀ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၅၆ ဦးတို႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုးအဆစ္ေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG  စက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ေျခာက္ဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးၿပီး   ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ ရြက္ေပးသည္။

 ထို႔ျပင္ ေတာင္ငူတပ္နယ္မွ တပ္မေတာ္သားမ်ားက ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ပညာေရး၀န္ထမ္း မ်ားအား  တပ္ပိုင္ႏွင့္  တစ္ပိုင္တစ္ႏုိင္ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္  ၾကက္သား  ၄၀ ပိႆာ၊  ၾကက္ဥ ၂၀၀၀ လံုး၊ ဟင္းသီးဟင္းရြက္မ်ားႏွင့္ တပ္မေတာ္စက္႐ံုမ်ားမွ ထုတ္လုပ္သည့္ ကုန္ပစၥည္းမ်ားအား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးၿပီး ေက်ာင္းအတြင္း/အျပင္ သန္႔ရွင္းသာယာ လွပေရးအတြက္ အမႈိက္မ်ား ရွင္းလင္းျခင္း၊  ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိး၀င္းႏွင့္ အဖဲြ႕၀င္မ်ားက  သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။  

(Unicode Version)

တောင်ငူမြို့၊ တောင်ငူပညာရေး ကောလိပ်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၅

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူပညာရေး ကောလိပ်ရှိ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင်   တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကောလိပ်ရှိ မြတ်ရတနာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၁၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG  စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ခြောက်ဦးကို တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး   ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင် ရွက်ပေးသည်။

 ထို့ပြင် တောင်ငူတပ်နယ်မှ တပ်မတော်သားများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်း များအား  တပ်ပိုင်နှင့်  တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့်  ကြက်သား  ၄၀ ပိဿာ၊  ကြက်ဥ ၂၀၀၀ လုံး၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးပြီး ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊  ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

 

Recent News