ေတာင္ငူၿမိဳ႕နယ္၊ အေျခခံပညာ အလယ္တန္းေက်ာင္း (ေကတုမတီ)၌ ပညာေရးစံုညီ ပြဲေတာ္ႏွင့္ပညာရည္ခၽြန္ ဆုေပးပြဲျပဳလုပ္

 

ေတာင္ငူၿမိဳ႕နယ္၊ အေျခခံပညာ အလယ္တန္းေက်ာင္း (ေကတုမတီ)၌ ပညာေရးစံုညီ ပြဲေတာ္ႏွင့္ပညာရည္ခၽြန္ ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ရွိ အေျခခံပညာ အလယ္တန္းေက်ာင္း(ေကတုမတီ)၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၊ ပညာေရးစံုညီ ပြဲေတာ္ႏွင့္ ပညာရည္ခၽြန္ ဆုေပးပြဲကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါေက်ာင္းခန္းမ၌ ျပဳလုပ္ရာ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိး၀င္းႏွင့္ အဖြဲ႕၀င္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ေက်ာင္းသား၊ ေက်ာင္းသူကေလးမ်ားက ျမန္မာ့ေက်ာင္းသီခ်င္းျဖင့္ သီဆို ေဖ်ာ္ေျဖ ဖြင့္လွစ္ၾကၿပီး တုိင္းမွဴးက အမွာစကား ေျပာၾကား၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ပညာေရး ေထာက္ပံ့ေငြမ်ား ေပးအပ္သည္။ ထို႔ေနာက္ ပညာရည္ခၽြန္ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ အားကစား၊ စာစီစာကံုးႏွင့္ ဘာသာရပ္ၿပိဳင္ပြဲမ်ားတြင္ ဆုရရွိသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ပညာေရး စံုညီပြဲေတာ္ အားကစားၿပိဳင္ပြဲမ်ားတြင္ ဆုရရွိၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆု၊ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီး ေပးအပ္သည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ကျပသီဆိုမႈမ်ားကို ၾကည့္႐ႈအားေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း (ကေတုမတီ)၌ ပညာရေးစုံညီ ပွဲတော်နှင့်ပညာရည်ချွန် ဆုပေးပွဲပြုလုပ်

နေပြည်တော်  ဇန်နဝါရီ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ကေတုမတီ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူကလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖျော်ဖြေ ဖွင့်လှစ်ကြပြီး တိုင်းမှူးက အမှာစကား ပြောကြား၍ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေး ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ပညာရည်ချွန်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အားကစား၊ စာစီစာကုံးနှင့် ဘာသာရပ်ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေး စုံညီပွဲတော် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု၊ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကပြသီဆိုမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

 

Recent News