
 




(Unicode Version)

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ဘုရားတောင် တောရကျောင်းတိုက်၌ သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်  ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ဘုရားတောင်တောရ ကျောင်းတိုက် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သိမ်ဆောက်လုပ်ရန် မြေဖို့ပေးခြင်း၊ မြေသယ်ပေးခြင်းနှင့် အမှိုက်များ ရှင်းလင်းပေးခြင်း စသည့် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။       

       

Recent News