ကေလး၀ၿမိဳ႕နယ္၊ ကိုင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ကေလး၀ၿမိဳ႕နယ္၊ ကိုင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

စစ္ကိုင္းတုိင္းေဒသႀကီး၊ ကေလး၀ၿမိဳ႕နယ္၊ ကိုင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာရွိ ဇမၺဴသီရိေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁၆၈ ဦးတို႔ကို  မ်က္စိေရာဂါ၊ နားေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊  အစာအိမ္ႏွင့္  အူလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ေသြးတိုးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူေလးဦးကို ကေလးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ကေလးတပ္နယ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက တပ္ပိုင္ေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ၾကက္ဥ ၂၀၀၀ လံုးအား ေဒသခံျပည္သူမ်ားကို ျပင္ပ ေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို ကေလးတပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱပုဏ္ၰိယအား ဖူးေျမာ္၍ အလွဴေငြႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေက်းရြာစာၾကည့္တိုက္ အတြက္ သုတ၊ ရသစာအုပ္၊ စာေစာင္မ်ား ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဇမ္ဗူသီရိကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၆၈ ဦးတို့ကို  မျက်စိရောဂါ၊ နားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊  အစာအိမ်နှင့်  အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူလေးဦးကို ကလေးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် ကလေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက တပ်ပိုင်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ ၂၀၀၀ လုံးအား ဒေသခံပြည်သူများကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုဏ်္ဏိယအား ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာစာကြည့်တိုက် အတွက် သုတ၊ ရသစာအုပ်၊ စာစောင်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News