မိုင္းျဖတ္ၿမိဳ႔နယ္၊ ပါဆန္းေက်းရြာ အေျခခံပညာ အလယ္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင္႕ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

မိုင္းျဖတ္ၿမိဳ႔နယ္၊ ပါဆန္းေက်းရြာ အေျခခံပညာ အလယ္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင္႕ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္   ဇန္န၀ါရီ   ၁၅

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ ပါဆန္းေက်းရြာ   အေျခခံပညာ အလယ္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဇန္န၀ါရီ ၁၄ ရက္ နံနက္ပိုင္းတြင္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က  ေက်ာင္းသား၊  ေက်ာင္းသူမ်ားအားအရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ ဆရာ၊ ဆရာမကိုးဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ  ၁၅၄  ဦးတုိ႔ကို  ေသြးတုိးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ရာသီတုပ္ေကြးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို နယ္ေျမခံတပ္မွ တာ၀န္ရွိသူမ်ားက  သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေထာက္ပံ့ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မိုင်းဖြတ်မြို့နယ်၊ ပါဆန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဇန်နဝါရီ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ပါဆန်းကျေးရွာ   အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က  ကျောင်းသား၊  ကျောင်းသူများအားအရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဆရာ၊ ဆရာမကိုးဦးနှင့် ကျောင်းသား၊ ကျောင်းသူ  ၁၅၄  ဦးတို့ကို  သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News