အမရပူရၿမိဳ႕နယ္၊ မုတ္ပုလဲေက်းရြာ၌ ဗံုးသီးေဟာင္းႏွစ္လံုးႏွင့္ ခဲယမ္းမ်ားေတြ႕ရွိ သိမ္းဆည္းရမိ

အမရပူရၿမိဳ႕နယ္၊ မုတ္ပုလဲေက်းရြာ၌ ဗံုးသီးေဟာင္းႏွစ္လံုးႏွင့္ ခဲယမ္းမ်ားေတြ႕ရွိ သိမ္းဆည္းရမိ

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

မႏၱေလးတုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ နတ္ေရကန္ေက်းရြာအုပ္စု၊ မုတ္ပုလဲေက်းရြာ၌ ဦးေအးေဇာ္ထြန္းသည္ ယေန႔နံနက္ ၁၀ နာရီခန္႔တြင္ ေက်းရြာအတြက္ ေရဆိုးေျမာင္း တူးေဖာ္စဥ္ အလ်ား ၁၀ လက္မ၊ အခ်င္း ၂ ဒသမ ၅ လက္မခန္႔ရွိ သံေခ်းတက္ေနသည့္ဗံုးသီးေဟာင္းႏွစ္လံုးႏွင့္ အလ်ား ၃ လက္မ၊ အခ်င္း ဒသမ ၅ လက္မ ခန္႔ရွိ သံေခ်းတက္ေနသည့္ ႐ိုင္ဖယ္က်ည္ ၃၅ ေတာင့္ေတြ႕ရွိေၾကာင္း သတင္းအရ လံုၿခံဳေရး တပ္ဖြဲ႕၀င္မ်ားက သြားေရာက္စစ္ေဆး သိမ္းဆည္းခဲ့သည္။

အဆိုပါသိမ္းဆည္းရမိ ဗံုးသီးေဟာင္းမ်ားႏွင့္ ခဲယမ္းမ်ားအား နယ္ေျမခံ အင္ဂ်င္နီယာတပ္မွ လုပ္ထံုးလုပ္နည္းႏွင့္အညီ စနစ္တက် ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အမရပူရမြို့နယ်၊ မုတ်ပုလဲကျေးရွာ၌ ဗုံးသီးဟောင်းနှစ်လုံးနှင့် ခဲယမ်းများတွေ့ရှိ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာ၌ ဦးအေးဇော်ထွန်းသည် ယနေ့နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအတွက် ရေဆိုးမြောင်း တူးဖော်စဉ် အလျား ၁၀ လက်မ၊ အချင်း ၂ ဒသမ ၅ လက်မခန့်ရှိ သံချေးတက်နေသည့်ဗုံးသီးဟောင်းနှစ်လုံးနှင့် အလျား ၃ လက်မ၊ အချင်း ဒသမ ၅ လက်မ ခန့်ရှိ သံချေးတက်နေသည့် ရိုင်ဖယ်ကျည် ၃၅ တောင့်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ ဗုံးသီးဟောင်းများနှင့် ခဲယမ်းများအား နယ်မြေခံ အင်ဂျင်နီယာတပ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

Recent News