စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီးမုိးေအာင္ အိႏိၵယကမ္းေျခေစာင့္တပ္ဖြဲ႔မွ စစ္ေရယာဥ္ႏွစ္စင္းသို႔ သြားေရာက္ေလ့လာ

 

စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီးမုိးေအာင္ အိႏိၵယကမ္းေျခေစာင့္တပ္ဖြဲ႔မွ စစ္ေရယာဥ္ႏွစ္စင္းသို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္ ဇန္နဝါရီ ၁၅

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသုိ႔   ခ်စ္ၾကည္ေရး အလည္အပတ္ခရီး ေရာက္ရွိေနေသာ   အိႏိၵယကမ္းေျခ ေစာင့္တပ္ဖြဲ႕မွ ကမ္းလြန္ကင္းလွည့္ေရယာဥ္ ICGS  Sujayႏွင့္ အျမန္သြားကင္းလွည့္ေရယာဥ္ ICGS  Sarojini  Naidu သို႔ ဇန္နဝါရီ ၁၄ ရက္ ညေနပုိင္းတြင္ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီးမုိးေအာင္၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္  တုိင္းမွဴး  ဗိုလ္ခ်ဳပ္သက္ပံုႏွင့္  တပ္မေတာ္အရာရွိႀကီးမ်ားက သြားေရာက္ၾကည့္႐ႈေလ့လာၾကသည္။

စစ္ဦးစီးအရာရွိခ်ဳပ္(ေရ)ႏွင့္ အဖြဲ႕ဝင္မ်ားအား ျမန္မာႏုိင္ငံဆုိင္ရာ အိႏိၵယသံအမတ္ႀကီး H.E. Mr. Shri  Saurabh Kumar၊ အိႏိၵယကမ္းေျခေစာင့္တပ္ဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ Deputy  Inspector  General  Anurag  Kaushik ႏွင့္ တာဝန္က် တပ္ဖြဲ႕တို႔မွ ႀကိဳဆုိႏႈတ္ဆက္၍ ေရယာဥ္ေပၚတြင္ လုိက္လံရွင္းလင္း ျပသၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပံု႐ုိက္ၾကသည္။   ထို႔ေနာက္   ကမ္းလြန္ကင္းလွည့္ေရယာဥ္ ICGS  Sujay ေပၚတြင္ ျပဳလုပ္သည့္ ညစာစားပြဲသို႔ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်နှစ်စင်းသို့ သွားရောက်လေ့လာ

နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့   ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသော   အိန္ဒိယကမ်းခြေ စောင့်တပ်ဖွဲ့မှ ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS  Sujayနှင့် အမြန်သွားကင်းလှည့်ရေယာဉ် ICGS  Sarojini  Naidu သို့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်သက်ပုံနှင့်  တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှုလေ့လာကြသည်။

စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri  Saurabh Kumar၊ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် Deputy  Inspector  General  Anurag  Kaushik နှင့် တာဝန်ကျ တပ်ဖွဲ့တို့မှ ကြိုဆိုနှုတ်ဆက်၍ ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်း ပြသကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။   ထို့နောက်   ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS  Sujay ပေါ်တွင် ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News