
 





(Unicode Version)

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင် နိုင်ငံသို့ ထွက်ခွာ

နေပြည်တော်  ဇန်နဝါရီ  ၁၅

ဖိလစ်ပိုင်ရေတပ်ဦးစီးချုပ် Vice  Admiral Robert  A  Empedrad ၏ ဖိတ်ကြားချက်အရ  ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင်  ဖိလစ်ပိုင်နိုင်ငံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်င ံစစ်သံမှူးနှင့်  တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

Recent News