(၅၈) ႀကိမ္ေျမာက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ဖလား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) ေဘာလံုးၿပိဳင္ပြဲတြင္ ေအာင္ပြဲရရွိခဲ့သည့္တုိင္းဂုဏ္ေဆာင္ ေဘာလံုး အသင္းအား ႀကိဳဆို၊ တံခြန္စိုက္ဖလားအပ္ႏွံျခင္းႏွင့္ ဂုဏ္ျပဳညစာ စားပြဲျပဳလုပ္

 

(၅၈) ႀကိမ္ေျမာက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ဖလား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) ေဘာလံုးၿပိဳင္ပြဲတြင္ ေအာင္ပြဲရရွိခဲ့သည့္တုိင္းဂုဏ္ေဆာင္ ေဘာလံုး အသင္းအား ႀကိဳဆို၊ တံခြန္စိုက္ဖလားအပ္ႏွံျခင္းႏွင့္ ဂုဏ္ျပဳညစာ စားပြဲျပဳလုပ္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

(၅၈)ႀကိမ္ေျမာက္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ဖလား တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ေဘာလံုးၿပိဳင္ပြဲတြင္ ေအာင္ပြဲ ရရွိခဲ့သည့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ ေဘာလံုးအသင္းအား ႀကိဳဆို၍ တံခြန္စိုက္ဖလား အပ္ႏွံျခင္းႏွင့္ ဂုဏ္ျပဳညစာစားပြဲကို ဇန္န၀ါရီ ၁၄ ရက္ ေန႔လယ္ပိုင္းႏွင့္ ညပိုင္းတို႔တြင္ တုိင္းစစ္ဌာနခ်ဳပ္ ရန္ႀကီး ေအာင္ဧည့္ရိပ္သာႏွင့္ ရန္ေအာင္ျမင္ခန္းမ တို႔၌ျပဳလုပ္သည္။

ဦးစြာ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေက်ာ္စြာလင္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ အရာရွိ၊စစ္သည္၊ မိသားစု၀င္မ်ားက ေအာင္ပြဲရ ေဘာလံုးအသင္းအား နန္းၿမိဳ႕ေတာင္ဘက္မုခ္ ဦးမွ ဂုဏ္ျပဳႀကိဳဆိုၾကသည္။

ထို႔ေနာက္   ေဘာလံုးအသင္းတာ၀န္ခံ အရာရွိမွ တုိင္းမွဴးထံ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ေဘာလံုးၿပိဳင္ပြဲတြင္ ရရွိခဲ့ သည့္ တံခြန္စိုက္ဆုဖလားႏွင့္ ကိုယ္ပြားဖလားတို႔ အားေပးအပ္ရာ တိုင္းမွဴးက လက္ခံရယူ၍ ဂုဏ္ျပဳအမွာစကား ေျပာၾကားၿပီး အားကစား သမားမ်ားႏွင့္ တက္ေရာက္လာၾကသူမ်ားကို လက္ဖက္ရည္၊ မုန္႔တို႔ျဖင့္ တည္ခင္းေကၽြးေမြး ၍ အားကစားသမားမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။

ညပိုင္းတြင္ ဂုဏ္ျပဳညစာစားပြဲကို ရန္ေအာင္ျမင္ခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ား၊ ေအာင္ပြဲရ အားကစား သမားမ်ား တက္ေရာက္ၾကသည္။ ယင္းေနာက္ တုိင္းမွဴးက အားကစားသမားမ်ားအား ဂုဏ္ျပဳ လက္ေဆာင္မ်ား ေပးအပ္ခ်ီးျမႇင့္ရာ တာ၀န္ ရွိသူမ်ားက လက္ခံရယူၾကသည္။ ထုိ႔ေနာက္တိုင္းမွဴးက အားကစားသမားမ်ား ႏွင့္တက္ ေရာက္လာၾကသူမ်ားကို ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၅၈) ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သည့်တိုင်းဂုဏ်ဆောင် ဘောလုံး အသင်းအား ကြိုဆို၊ တံခွန်စိုက်ဖလားအပ်နှံခြင်းနှင့် ဂုဏ်ပြုညစာ စားပွဲပြုလုပ်

နေပြည်တော်  ဇန်နဝါရီ  ၁၅

(၅၈)ကြိမ်မြောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲ ရရှိခဲ့သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းအား ကြိုဆို၍ တံခွန်စိုက်ဖလား အပ်နှံခြင်းနှင့် ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် တိုင်းစစ်ဌာနချုပ် ရန်ကြီး အောင်ဧည့်ရိပ်သာနှင့် ရန်အောင်မြင်ခန်းမ တို့၌ပြုလုပ်သည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊စစ်သည်၊ မိသားစုဝင်များက အောင်ပွဲရ ဘောလုံးအသင်းအား နန်းမြို့တောင်ဘက်မုခ် ဦးမှ ဂုဏ်ပြုကြိုဆိုကြသည်။

ထို့နောက်   ဘောလုံးအသင်းတာဝန်ခံ အရာရှိမှ တိုင်းမှူးထံ တပ်မတော်(ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲတွင် ရရှိခဲ့ သည့် တံခွန်စိုက်ဆုဖလားနှင့် ကိုယ်ပွားဖလားတို့ အားပေးအပ်ရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး အားကစား သမားများနှင့် တက်ရောက်လာကြသူများကို လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်းကျွေးမွေး ၍ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ညပိုင်းတွင် ဂုဏ်ပြုညစာစားပွဲကို ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အောင်ပွဲရ အားကစား သမားများ တက်ရောက်ကြသည်။ ယင်းနောက် တိုင်းမှူးက အားကစားသမားများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ရာ တာဝန် ရှိသူများက လက်ခံရယူကြသည်။ ထို့နောက်တိုင်းမှူးက အားကစားသမားများ နှင့်တက် ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

Recent News