ပုသိမ္ၿမိဳ႕၊ အမွတ္(၇)အေျခခံပညာအထက္တန္းေက်ာင္း၌ ပညာေရးစံုညီပြဲေတာ္ႏွင့္ ပညာရည္ခၽြန္ဆုေပးပြဲျပဳလုပ္

 

ပုသိမ္ၿမိဳ႕၊ အမွတ္(၇)အေျခခံပညာအထက္တန္းေက်ာင္း၌ ပညာေရးစံုညီပြဲေတာ္ႏွင့္ ပညာရည္ခၽြန္ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

ဧရာ၀တီတုိင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ အမွတ္(၇)အေျခခံပညာအထက္တန္းေက်ာင္း ၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၊ ပညာေရး စံုညီပြဲေတာ္ႏွင့္ ပညာရည္ခၽြန္ဆုေပးပြဲကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါေက်ာင္းခန္းမ၌ ျပဳလုပ္ရာ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ရဲ၀င္းဦးႏွင့္အဖြဲ႕၀င္မ်ား၊ ေက်ာင္းအက်ဳိးေတာ္ေဆာင္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္  ေက်ာင္းသားမိဘမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက စံုညီပြဲေတာ္ ဒို႔ႏႊဲေပ်ာ္သီခ်င္းျဖင့္   သီဆုိ ေဖ်ာ္ေျဖဖြင့္လွစ္ၾကၿပီး တုိင္းမွဴးက အမွာ စကားေျပာၾကား၍ ေက်ာင္းဘက္စံုဖြံ႕ၿဖိဳး ေရးအတြက္ အလွဴေငြမ်ား ေပးအပ္သည္။ ထို႔ေနာက္   ပညာရည္ခၽြန္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ  ဂုဏ္ထူးရေက်ာင္း သား၊ ေက်ာင္းသူမ်ား၊ အဂၤလိပ္စာစြမ္းရည္ ၿပိဳင္ပြဲ၊ သခ်ၤာ စြမ္းရည္ၿပိဳင္ပြဲ၊ စာစီစာကံုး ၿပိဳင္ပြဲႏွင့္ ကဗ်ာၿပိဳင္ပြဲမ်ားတြင္ ဆုရရွိၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္သည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားသည္ ေက်ာင္းသား၊ ေက်ာင္း သူမ်ား၏ကျပသီဆုိမႈမ်ားကို ၾကည့္႐ႈအားေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲပြုလုပ်

နေပြည်တော်  ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးနှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် ဒို့နွှဲပျော်သီချင်းဖြင့်   သီဆို ဖျော်ဖြေဖွင့်လှစ်ကြပြီး တိုင်းမှူးက အမှာ စကားပြောကြား၍ ကျောင်းဘက်စုံဖွံ့ဖြိုး ရေးအတွက် အလှူငွေများ ပေးအပ်သည်။ ထို့နောက်   ပညာရည်ချွန် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ  ဂုဏ်ထူးရကျောင်း သား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများသည် ကျောင်းသား၊ ကျောင်း သူများ၏ကပြသီဆိုမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News