ေမာ္လၿမိဳင္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ေရႊနတ္ေတာင္)၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ျပဳလုပ္

 

ေမာ္လၿမိဳင္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ေရႊနတ္ေတာင္)၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ျပဳလုပ္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ အေျခခံ ပညာအထက္တန္းေက်ာင္း(ေရႊနတ္ေတာင္) ၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ပညာေရးစံုညီ ပြဲေတာ္ကို ယေန႔နံနက္ပုိင္းတြင္ အဆုိပါ ေက်ာင္းခန္းမ၌ ျပဳလုပ္ရာ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမုိးေအာင္ ႏွင့္အဖြဲ႕၀င္မ်ား၊ ေက်ာင္းအုပ္ခ်ဳပ္မႈတာ၀န္ခံအရာရွိႏွင့္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊  ေက်ာင္းသူမ်ား၊ ေက်ာင္းအက်ဳိးေတာ္ ေဆာင္မ်ား၊ ေက်ာင္းသား မိဘမ်ားႏွင့္ ဖိတ္ၾကားထား သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက စံုညီပြဲေတာ္ဒုိ႔ႏႊဲေပ်ာ္ေတးသီခ်င္းျဖင့္ စတင္ ဖြင့္လွစ္ၾကၿပီး တုိင္းမွဴးက အဖြင့္ အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ ဆုေပးပြဲကုိ ဆက္လက္ျပဳလုပ္ရာ ေက်ာင္းလုပ္ငန္းဆုိင္ရာ ထူးခၽြန္ဆု၊ ဗဟုိအဆင့္၊ ျပည္နယ္အဆင့္ႏွင့္ ၿမိဳ႕နယ္အဆင့္ ျမန္မာစာစြမ္းရည္ၿပိဳင္ပြဲ၊ ကဗ်ာ၊ ပုိစတာ၊ ပန္းခ်ီ၊ သခ်ၤာ အိုလံပစ္ ၿပိဳင္ပြဲႏွင့္ ေက်ာင္းတက္မွန္ဆုရရွိၾကေသာ ဆရာ၊ ဆရာမမ်ားႏွင့္    ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တုိင္းမွဴးႏွင့္ တာ၀န္ရွိ သူမ်ားက ဂုဏ္ျပဳဆုမ်ားေပးအပ္ၾကသည္။

ယင္းေနာက္ တုိင္းမွဴးက ေက်ာင္းဘက္စံု ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အလွဴေငြက်ပ္ ငါးသိန္းအားလည္းေကာင္း၊ ျမတ္ဆရာ ပူေဇာ္ပြဲက်င္းပေရး ေကာ္မတီ(ဗဟုိ)မွ အလွဴ ေငြမ်ားကိုလည္းေကာင္း ေပးအပ္လွဴဒါန္း ၾကရာ ေက်ာင္း အုပ္ခ်ဳပ္မႈ တာ၀န္ခံအရာရွိ ႏွင့္ ဆရာ၊ ဆရာမမ်ားက လက္ခံရယူၾက ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ေတး သီခ်င္းမ်ားျဖင့္  သီဆုိေဖ်ာ္ေျဖ ကျပခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ပြုလုပ်

နေပြည်တော်  ဇန်နဝါရီ  ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း(ရွှေနတ်တောင်) ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်ဒို့နွှဲပျော်တေးသီချင်းဖြင့် စတင် ဖွင့်လှစ်ကြပြီး တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ကျောင်းလုပ်ငန်းဆိုင်ရာ ထူးချွန်ဆု၊ ဗဟိုအဆင့်၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ သင်္ချာ အိုလံပစ် ပြိုင်ပွဲနှင့် ကျောင်းတက်မှန်ဆုရရှိကြသော ဆရာ၊ ဆရာမများနှင့်    ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုများပေးအပ်ကြသည်။

ယင်းနောက် တိုင်းမှူးက ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် ငါးသိန်းအားလည်းကောင်း၊ မြတ်ဆရာ ပူဇော်ပွဲကျင်းပရေး ကော်မတီ(ဗဟို)မှ အလှူ ငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်း ကြရာ ကျောင်း အုပ်ချုပ်မှု တာဝန်ခံအရာရှိ နှင့် ဆရာ၊ ဆရာမများက လက်ခံရယူကြ ပြီး ကျောင်းသား၊ ကျောင်းသူများက တေး သီချင်းများဖြင့်  သီဆိုဖျော်ဖြေ ကပြခဲ့ကြကြောင်း သတင်းရရှိသည်။       

       

 

Recent News