မႏၱေလးတုိင္း ေဒသႀကီး၊ ရမည္းသင္းၿမိဳ႔နယ္ အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည္႕အထူး ေဆးကု သေရး အဖြဲ႔က က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

 

မႏၱေလးတုိင္း ေဒသႀကီး၊ ရမည္းသင္းၿမိဳ႔နယ္ အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည္႕အထူး ေဆးကု သေရး အဖြဲ႔က က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

မႏၱေလးတုိင္း ေဒသႀကီးအတြင္းေရာက္ ရွိေနေသာ တပ္မေတာ္နယ္လွည့္အထူးေဆး ကုသေရးအဖြဲ႕သည္ ယေန႔တြင္ ရမည္းသင္း ၿမိဳ႕နယ္ရွိ ၿမိဳ႕လွေျမာက္ေက်ာင္းဘုန္းေတာ္ႀကီးေက်ာင္း၀င္းအတြင္း၌ အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕သည္ ရမည္းသင္းၿမိဳ႕နယ္၊ ပ်ားစီေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌လည္းေကာင္း ပတ္၀န္းက်င္ ေက်းရြာမ်ားမွ ေဒသခံျပည္သူစုစုေပါင္း ၂၀၁၀ ဦးကို က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ မႈဆုိင္ရာေရာဂါ ၃၅၀ ဦး၊ ခြဲစိတ္ေရာဂါ ၉၈ဦး၊ ကေလးေရာဂါ ၉၅ ဦး၊ သားဖြား/ မီးယပ္ ေရာဂါ ၄၁ ဦး၊ အ႐ိုးေရာဂါ ၃၆၀ ဦး၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၄၈ ဦး၊ မ်က္စိ ေရာဂါ ၄၀၇ ဦး၊ သြားေရာဂါ ၁၀၄ ဦးႏွင့္ အေထြေထြေရာဂါ ၅၀၇ ဦးတို႔ကို လိုအပ္သည့္ ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၀ ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ခုနစ္ဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္   ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ဓာတ္မွန္႐ိုက္ လူနာ ၂၅ ဦး၊ Ultrasound  ႐ိုက္လူနာ ၅၀ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္လူနာ ၅၀ ဦး၊ ဓာတ္ခြဲစမ္းသပ္လူနာ ၅၂ ဦးတို႔ကို ေရြ႕လ်ားဓာတ္မွန္႐ိုက္ယာဥ္ႏွင့္ ေရြ႕လ်ား ဓာတ္ခြဲခန္းယာဥ္တို႔ျဖင့္ ေရာဂါရွာေဖြစမ္း သပ္စစ္ေဆးေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီးေဆး႐ံုတက္ေရာက္ကုသရန္  လိုအပ္သူ ေျခာက္ဦးအား နီးစပ္ရာ တပ္မေတာ္ေဆး႐ံု သို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ေအာင္ခင္ေဇာ္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ားညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်အထူး ဆေးကု သရေး အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၅

မန္တလေးတိုင်း ဒေသကြီးအတွင်းရောက် ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့သည် ယနေ့တွင် ရမည်းသင်း မြို့နယ်ရှိ မြို့လှမြောက်ကျောင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ပျားစီကျေးရွာဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၂၀၁၀ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၃၅၀ ဦး၊ ခွဲစိတ်ရောဂါ ၉၈ဦး၊ ကလေးရောဂါ ၉၅ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၃၆၀ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၄၈ ဦး၊ မျက်စိ ရောဂါ ၄၀၇ ဦး၊ သွားရောဂါ ၁၀၄ ဦးနှင့် အထွေထွေရောဂါ ၅၀၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၀ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ခုနစ်ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့်   ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၂၅ ဦး၊ Ultrasound  ရိုက်လူနာ ၅၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၀ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၅၂ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်း သပ်စစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန်  လိုအပ်သူ ခြောက်ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

   

 

Recent News