ေဘာလခဲၿမိဳ႕နယ္၊ နန္းဖဲေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

ေဘာလခဲၿမိဳ႕နယ္၊ နန္းဖဲေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 
 

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၅ 
 

ကယားျပည္နယ္၊ေဘာလခဲၿမိဳ႕နယ္၊ နန္းဖဲေက်းရြာႏွင့္ ပတ္၀န္းက်င္ရပ္ကြက္မ်ားရွိ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ ခန္းမ၌ က်န္းမာေရး ေစာင့္ ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 
 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တုိင္းရင္းသားျပည္သူ ၁၁၅ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 
 

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို ေဘာလခဲတပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေဒသခံ ျပည္သူမ်ား ကိုးကြယ္ ပူေဇာ္ႏုိင္ရန္ အတြက္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အဆူ ၉၀ အား ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၁၅ 

ကယားပြည်နယ်၊ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာနှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ခန်းမ၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၁၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ဘောလခဲတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများ ကိုးကွယ် ပူဇော်နိုင်ရန် အတွက် ဗုဒ္ဓရုပ်ပွားတော်မြတ် အဆူ ၉၀ အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News