ပုေလာၿမိဳ႔နယ္၊ ပုေလာကုန္းေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင္႕ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ပုေလာၿမိဳ႔နယ္၊ ပုေလာကုန္းေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင္႕ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၅

 တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္၊ ပုေလာကုန္းေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ကမ္း႐ုိးတန္း ေဒသတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာရွိ ပုေလာကုန္းေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

 ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ ေက်ာင္းသား၊ ေက်ာင္းသူ ၄၂၇ ဦးႏွင့္ ေဒသခံျပည္သူ ၃၃၂ ဦး တုိ႔ကို ၀မ္းပ်က္ ၀မ္းေလွ်ာေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္း၊ Ultrasound  ႐ုိက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ဆရာ၊ ဆရာမမ်ားအား စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

 အလားတူ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က ဘုတ္ျပင္းၿမိဳ႕နယ္၊ ေအာက္လိပ္ေက်းရြာရွိ သံဃာေတာ္ႏွစ္ပါး ႏွင့္ ေဒသခံျပည္သူ ၁၃၆ ဦးတို႔ကို ေက်းရြာရွိ အတုလကာရီေရႊေက်ာင္း၌ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အသက္႐ွဴ လမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးၿပီး အရက္၊ ကြမ္းႏွင့္ ေဆးလိပ္ေသာက္စားျခင္းေၾကာင့္ ျဖစ္ပြားတတ္ေသာ ေရာဂါမ်ားအေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာေဆြး ေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၅

 တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ပုလောကုန်းကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ ၄၂၇ ဦးနှင့် ဒေသခံပြည်သူ ၃၃၂ ဦး တို့ကို ဝမ်းပျက် ဝမ်းလျှောရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound  ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 အလားတူ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ဘုတ်ပြင်းမြို့နယ်၊ အောက်လိပ်ကျေးရွာရှိ သံဃာတော်နှစ်ပါး နှင့် ဒေသခံပြည်သူ ၁၃၆ ဦးတို့ကို ကျေးရွာရှိ အတုလကာရီရွှေကျောင်း၌ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အရက်၊ ကွမ်းနှင့် ဆေးလိပ်သောက်စားခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေး နွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News