တကၠသုိလ္ ေလ့က်င့္ေရး တပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ မိုးရာသီစခန္းခ် လက္ေတြ႔ေလ့က်င့္ သင္ၾကားေနမႈမ်ားအား ၾကည့္႐ႈအားေပး

 

ေနျပည္ေတာ္  ေအာက္တိုဘာ  ၉

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊  ပင္ေလာင္းၿမိဳ႕ရွိ နယ္ေျမခံ သင္တန္းေက်ာင္း၌ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည့္ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္၊ တကၠသုိလ္ ေလ့က်င့္ေရးတပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ မုိးရာသီစခန္းခ် လက္ေတြ႕ေလ့က်င့္ခန္း ေလ့က်င့္ေနမႈမ်ားကို ေအာက္တိုဘာ ၈ ရက္ မြန္းလြဲပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သင္တန္းကာလအတြင္း အဆင္ေျပစြာ ေနထုိင္ေလ့က်င့္ႏိုင္ေရးအတြက္ ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားကို လိုက္လံၾကည့္႐ႈ စစ္ေဆးၿပီး လုိအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးသည္။

အဆုိပါသင္တန္းတြင္  ေတာင္ႀကီးတကၠသိုလ္၊  နည္းပညာတကၠသိုလ္ႏွင့္  ကြန္ပ်ဴတာ တကၠသိုလ္တို႔မွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း ၂၉၅ ဦး တက္ေရာက္ သင္ၾကားလ်က္ရွိၿပီး သင္တန္းကိုေအာက္တိုဘာ ၁ ရက္မွ ၃ဝ ရက္အထိ ဖြင့္လွစ္သင္ၾကား သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။       

(Unicode Version)

တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီစခန်းချ လက်တွေ့လေ့ကျင့် သင်ကြားနေမှုများအား ကြည့်ရှုအားပေး

နေပြည်တော်  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပင်လောင်းမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီစခန်းချ လက်တွေ့လေ့ကျင့်ခန်း လေ့ကျင့်နေမှုများကို အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သင်တန်းကာလအတွင်း အဆင်ပြေစွာ နေထိုင်လေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းတွင်  တောင်ကြီးတက္ကသိုလ်၊  နည်းပညာတက္ကသိုလ်နှင့်  ကွန်ပျူတာ တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၉၅ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကိုအောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။        

 

Recent News