ေမာ္လၿမိဳင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ေမာ္လၿမိဳင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၇

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူလ်က္ရွိေသာ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမုိးေအာင္ႏွင့္ အဖဲြ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆး၀ါး ကုသေပးထားမႈႏွင့္ က်န္းမာေရးတုိးတက္မႈ အေျခအေနမ်ားအား ေမးျမန္းအားေပး စကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထုိ႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ ေဆး႐ံုအတြင္း လွည့္လည္ၾကည့္႐ႈ၍ လုိအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News