ခိုလမ္ၿမိဳ႔ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ခိုလမ္ၿမိဳ႔ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၇

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခိုလမ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ကုသမႈခံယူလ်က္ရွိေသာ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္သန္းလိႈင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆးကုသေပးထားမႈႏွင့္ က်န္းမာေရးတိုးတက္မႈအေျခေနမ်ားအား ေမးျမန္းအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။

ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆးရံုအတြင္း လွည့္လည္ၾကည့္ရႈ၍ လိုအပ္သည္မ်ား ညႇိႏိႈင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News