ထား၀ယ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ထား၀ယ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၇

တနသၤာရီတိုင္းေဒသႀကီး၊ ထား၀ယ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူလ်က္ရွိေသာ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္း ေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆး၀ါး ကုသေပးထားမႈႏွင့္ က်န္းမာေရးတိုးတက္ေကာင္းမြန္မႈ အေျခအေနမ်ားအား ေမးျမန္းအားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထို႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ ေဆး႐ံုအတြင္း လိုက္လံၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News