က်ဳိင္းတံုၿမိဳ႕နယ္ႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္တို႔၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

က်ဳိင္းတံုၿမိဳ႕နယ္ႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္တို႔၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၇

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတုံၿမိဳ႕ နယ္၊ ယန္းက်ိန္ေက်းရြာရွိ သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္း သူမ်ားႏွင့္ေဒသခံ တိုင္းရင္းသားျပည္သူမ်ား အား ယေန႔နံနက္ပိုင္းတြင္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရးအဖြဲ႕က အဆိုပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္တစ္ပါး၊ ဆရာ၊ ဆရာမ ေလးဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၇၀ ဦးႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူ ၁၀၅ ဦးတို႔ကို ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ ေရာဂါ၊ ကေလးေရာဂါ၊ နား/ႏွာေခါင္း/လည္ ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ ရာသီတုပ္ေကြးေရာဂါ၊  ေသြးတိုးေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္ ၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္   ႏွလံုးစမ္းသပ္စစ္ေဆးေပးျခင္းႏွင့္ Ultrasound  ႐ိုက္ေပးျခင္းမ်ားေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) အခ်က္အလက္မ်ားပါသည့္ လက္ကမ္းစာေစာင္မ်ားႏွင့္ သတင္းစာေစာင္ မ်ားေပးအပ္သည္။

အလားတူ မိုင္းျဖတ္ၿမိဳ႕နယ္၊ ဟိုးနား ေက်းရြာအေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာ၊ ဆရာမ ၅၉ ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၅၉၀ ဦးႏွင့္ေဒသခံတိုင္းရင္းသားျပည္သူ ၂၉ ဦးကိုလည္း တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ ေရာဂါ၊ ကေလးေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္  ခံတြင္းေရာဂါ၊ ရာသီတုပ္ေကြးေရာဂါ၊ ေသြးတိုးေရာဂါ၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍   လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတုံမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ်၊ ယန်းကျိန်ကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်တစ်ပါး၊ ဆရာ၊ ဆရာမ လေးဦး၊ ကျောင်းသား၊ ကျောင်းသူ ၇၀ ဦးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၀၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/လည် ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊  သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့်   နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် Ultrasound  ရိုက်ပေးခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အချက်အလက်များပါသည့် လက်ကမ်းစာစောင်များနှင့် သတင်းစာစောင် များပေးအပ်သည်။

အလားတူ မိုင်းဖြတ်မြို့နယ်၊ ဟိုးနား ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၅၉ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၅၉၀ ဦးနှင့်ဒေသခံတိုင်းရင်းသားပြည်သူ ၂၉ ဦးကိုလည်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်  ခံတွင်းရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

 

Recent News