မႏၱေလးတုိင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႔က က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

မႏၱေလးတုိင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႔က က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၇

မႏၲေလးတုိင္းေဒသႀကီးအတြင္း ေရာက္ရွိေနေသာ   တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႕သည္  ယေန႔တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ရန္ေအာင္ေက်းရြာ ၿမိဳ႕ဦး ဘုန္းေတာ္ႀကီးေက်ာင္း၌   အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕သည္ ေရႊ႐ံုးကုန္းေက်းရြာရွိ မဟာမဂၤလာရာမ ေရႊေအးစည္ေက်ာင္းတုိက္၌ လည္းေကာင္း ပတ္၀န္းက်င္ေက်းရြာမ်ားမွ   ေဒသခံျပည္သူ စုစုေပါင္း ၂၀၉၁ ဦးကို   က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား  ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာေရာဂါ  ၄၃၃ ဦး၊ ခြဲစိတ္ေရာဂါ ၁၄၁ ဦး၊ ကေလးေရာဂါ ၁၂၉ ဦး၊  သားဖြား/မီးယပ္ေရာဂါ ၉၅ ဦး၊ အ႐ိုးေရာဂါ ၁၆၅ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၈၈ ဦး၊ မ်က္စိေရာဂါ ၄၅၇ ဦး၊ သြားေရာဂါ ၁၂၃ ဦးႏွင့္ အေထြေထြေရာဂါ ၄၆၀  ဦးတုိ႔ကို လုိအပ္သည့္ ေဆး၀ါးကုသမႈမ်ားေဆာင္ရြက္ေပး ၿပီး ၎တုိ႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၅ ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၁၇ ဦးတုိ႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္  ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ဓာတ္မွန္ ႐ိုက္လူနာ ၅၈ ဦး၊ Ultrasound  ႐ိုက္လူနာ ၅၀ ဦး၊  ECG စက္ျဖင့္ ႏွလံုးစမ္းသပ္လူနာ ၆၆ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္ လူနာ ၁၁၃ ဦးတို႔ကို ေရာဂါရွာေဖြစမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး   ေဆး႐ံုတက္ေရာက္ကုသရန္ လုိအပ္သူ ကိုးဦးအား နီးစပ္ရာ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ေအာင္ခင္ေဇာ္ႏွင့္ အဖြဲ႕၀င္မ်ား၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္း ဥကၠ႒ႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော   တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည်  ယနေ့တွင် ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာ မြို့ဦး ဘုန်းတော်ကြီးကျောင်း၌   အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ရွှေရုံးကုန်းကျေးရွာရှိ မဟာမင်္ဂလာရာမ ရွှေအေးစည်ကျောင်းတိုက်၌ လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ   ဒေသခံပြည်သူ စုစုပေါင်း ၂၀၉၁ ဦးကို   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ  ၄၃၃ ဦး၊ ခွဲစိတ်ရောဂါ ၁၄၁ ဦး၊ ကလေးရောဂါ ၁၂၉ ဦး၊  သားဖွား/မီးယပ်ရောဂါ ၉၅ ဦး၊ အရိုးရောဂါ ၁၆၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၈၈ ဦး၊ မျက်စိရောဂါ ၄၅၇ ဦး၊ သွားရောဂါ ၁၂၃ ဦးနှင့် အထွေထွေရောဂါ ၄၆၀  ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေး ပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၅ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၇ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့်  ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန် ရိုက်လူနာ ၅၈ ဦး၊ Ultrasound  ရိုက်လူနာ ၅၀ ဦး၊  ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၁၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ကိုးဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News