တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသမၼတ မစၥတာရွီက်င့္ဖ်င္ ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႔ ေရာက္ရွိ

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသမၼတ မစၥတာရွီက်င့္ဖ်င္ ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႔ ေရာက္ရွိ

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၇

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္ႏွင့္ဇနီး ေဒၚခ်ဳိခ်ဳိ တို႔၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ  သမၼတ မစၥတာရွီက်င့္ဖ်င္  ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္  ယေန႔နံနက္ပိုင္းတြင္ အထူးေလယာဥ္ျဖင့္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံမွ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သုိ႔ ထြက္ခြာလာရာ ျမန္မာ့ေလပိုင္နက္အတြင္း သို႔ေရာက္ရွိစဥ္ ျမန္မာ့တပ္မေတာ္(ေလ)မွ ဘက္စုံသုံးတုိက္ေလယာဥ္ႏွစ္စင္းက ဂါရ၀ျပဳ ခရီးဦး ႀကိဳဆုိၿပီး လမ္းေၾကာင္းတစ္ေလွ်ာက္ အတူလိုက္ပါပ်ံသန္း၍ လုံၿခံဳေရးေဆာင္ ရြက္ေပးသည္။

အဆုိပါခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သုိ႔ေရာက္ရွိၾကရာ သံတမန္ေရးရာဦးစီးဌာန ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးမင္းသိမ္းႏွင့္ ျမန္မာႏိုင္ငံ ဆိုင္ရာ   တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ  သံအမတ္ႀကီး မစၥတာခ်န္းဟိုင္တို႔က အထူး ေလယာဥ္ေပၚ၌ ခရီးဦးႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ  သမၼတ မစၥတာရွီက်င့္ဖ်င္ ဦးေဆာင္သည့္   ကိုယ္စားလွယ္ အဖြဲ႕အားျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ဒုတိယသမၼတ  ဦးျမင့္ေဆြ၊   ျပည္ေထာင္စု ၀န္ႀကီးမ်ား၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ယူနန္ျပည္နယ္ေကာ္မတီအတြင္း ေရးမွဴး Mr.  Chen Hao တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး  ဦးမ်ဳိးသန္႔ေဖ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးစိုးဟန္ႏွင့္ တာ၀န္ရွိသူမ်ားက ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ျပင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕အား ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ဂုဏ္ျပဳတပ္ဖြဲ႕ႏွင့္အတူ ျမန္မာတိုင္းရင္းသား၊ တိုင္းရင္းသူမ်ားႏွင့္ ယဥ္ေက်းမႈယိမ္းအကအဖြဲ႕တို႔က ဂုဏ္ျပဳႀကိဳဆိုၾကသည့္အျပင္ ေနျပည္ေတာ္ ေလဆိပ္အထြက္ လမ္းေဘး၀ဲ/ယာ၌ ေက်ာင္းသား၊  ေက်ာင္းသူေလးမ်ားက ႏွစ္ႏိုင္ငံအလံငယ္ မ်ားကိုေ၀ွ႔ယမ္း၍ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ ရောက်ရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတ မစ္စတာရှီကျင့်ဖျင်  ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ထွက်ခွာလာရာ မြန်မာ့လေပိုင်နက်အတွင်း သို့ရောက်ရှိစဉ် မြန်မာ့တပ်မတော်(လေ)မှ ဘက်စုံသုံးတိုက်လေယာဉ်နှစ်စင်းက ဂါရဝပြု ခရီးဦး ကြိုဆိုပြီး လမ်းကြောင်းတစ်လျှောက် အတူလိုက်ပါပျံသန်း၍ လုံခြုံရေးဆောင် ရွက်ပေးသည်။

အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းသိမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က အထူး လေယာဉ်ပေါ်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတ မစ္စတာရှီကျင့်ဖျင် ဦးဆောင်သည့်   ကိုယ်စားလှယ် အဖွဲ့အားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ  ဦးမြင့်ဆွေ၊   ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီအတွင်း ရေးမှူး Mr.  Chen Hao တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးမျိုးသန့်ဖေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြန်မာတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ယဉ်ကျေးမှုယိမ်းအကအဖွဲ့တို့က ဂုဏ်ပြုကြိုဆိုကြသည့်အပြင် နေပြည်တော် လေဆိပ်အထွက် လမ်းဘေးဝဲ/ယာ၌ ကျောင်းသား၊  ကျောင်းသူလေးများက နှစ်နိုင်ငံအလံငယ် များကိုဝှေ့ယမ်း၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News