ဘူးသီးေတာင္ၿမိဳ႔နယ္၊ ေက်ာက္ရစ္ေက်းရြာ၌ သံတုိသံစမ်ား ေရာင္း၀ယ္သည္႕လုပ္ငန္းအား ႐ိုးသားစြာ လုပ္ေဆာင္ေနသူမ်ားအား တစ္ရြာတည္းေနသူမ်ားက တုတ္၊ ဓားမ်ား ကိုင္ေဆာင္၍ အေၾကာင္းမဲ႕ရန္ရွာ


ဘူးသီးေတာင္ၿမိဳ႔နယ္၊ ေက်ာက္ရစ္ေက်းရြာ၌ သံတုိသံစမ်ား ေရာင္း၀ယ္သည္႕လုပ္ငန္းအား ႐ိုးသားစြာ လုပ္ေဆာင္ေနသူမ်ားအား တစ္ရြာတည္းေနသူမ်ားက တုတ္၊ ဓားမ်ား ကိုင္ေဆာင္၍ အေၾကာင္းမဲ႕ရန္ရွာ

ေနျပည္ေတာ္  ဇန္န၀ါရီ  ၁၈
ရခိုင္ျပည္နယ္၊ဘူးသီးေတာင္ၿမိဳ႕နယ္၊ နန္႔ရာကုန္းေက်းရြာအုပ္စု၊ ေက်ာက္ရစ္ေက်းရြာ၌ သံတုိသံစမ်ား ေရာင္း၀ယ္သည့္ လုပ္ငန္းအား ႐ိုးသားစြာ လုပ္ေဆာင္ေနသူ (ယခင္ ဟင္းရြက္စုေက်းရြာ၊ ပုသိမ္ႀကီးၿမိဳ႕ နယ္၊ မႏၱေလးတိုင္းေဒသႀကီး) ဦးခင္ေမာင္တင့္(ဘ)ဦးေမာင္ကိုသည္ ၎၏သားျဖစ္သူ ႏွစ္ဦးႏွင့္ ေနအိမ္တြင္ ရွိစဥ္ ဇန္န၀ါရီ ၁၅ ရက္  နံနက္ပိုင္းတြင္  အဆုိပါေက်းရြာမွ ရြာသူ၊ ရြာသားမ်ားက  တုတ္၊  ဓားမ်ားကိုင္ေဆာင္ကာ   အိမ္ေရွ႕သို႔ လာေရာက္ ရန္ရွာမႈ ျဖစ္စဥ္ျဖစ္ပြားခဲ့သျဖင့္ လံုၿခံဳေရး တပ္ဖြဲ႕၀င္မ်ားက သြားေရာက္ေခၚေဆာင္ခဲ့ကာ လိုအပ္သည့္ အကူအညီမ်ား ေဆာင္ရြက္ေပးသည္။
ထုိ႔ျပင္ ၎၏ သားတစ္ေယာက္ျဖစ္သည့္ ေမာင္၀င္းမင္းထြန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၂၆ ရက္တြင္ အမည္မသိသူ တစ္ဦးက ဖုန္းျဖင့္ဆုိင္ကယ္ တကၠစီလုိက္ရန္ ငွားရမ္းသျဖင့္ ထြက္ခြာသြားရာမွ ယေန႔ အခ်ိန္အထိ ျပန္လည္ေရာက္ရွိျခင္း မရွိေၾကာင္းႏွင့္ ၎မိသားစုအား တစ္ရြာတည္း ေနသူမ်ားက လံုၿခံဳေရး တပ္ဖြဲ႕၀င္မ်ား၏ သတင္းေပးဟုဆိုကာ ရန္ရွာျခင္းမ်ား ျပဳလုပ္ေနသျဖင့္ ၎၏ဇနီးျဖစ္သူ ေဒၚေအးမာႏွင့္ သမီးသံုးဦးတုိ႔အား ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၂၈ ရက္မွစ၍ လံုၿခံဳေရး တပ္ဖြဲ႕၀င္မ်ား၏ အကူအညီျဖင့္   ဘူးသီးေတာင္ၿမိဳ႕တြင္ ေနထိုင္ခဲ့ရေၾကာင္း သိရွိရသည္။
အဆုိပါ ဦးခင္ေမာင္တင့္၏ မိသားစု၀င္မ်ားအား ၎တုိ႔၏ မူရင္းေနရပ္ျဖစ္သည့္ ဟင္းရြက္စုေက်းရြာ၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၱေလးတုိင္းေဒသႀကီးသို႔ ျပန္လည္အေျခခ် ေနထိုင္ႏုိင္ေရး အတြက္ လံုၿခံဳေရး တပ္ဖြဲ႕၀င္ မ်ားက လိုအပ္သည္မ်ား ကူညီေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း   သတင္းရရွိသည္။

(Unicode Version)

ဘူးသီးတောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ၌ သံတိုသံစများ ရောင်းဝယ်သည့်လုပ်ငန်းအား ရိုးသားစွာ လုပ်ဆောင်နေသူများအား တစ်ရွာတည်းနေသူများက တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြောင်းမဲ့ရန်ရှာ

နေပြည်တော်  ဇန်နဝါရီ  ၁၈

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ နန့်ရာကုန်းကျေးရွာအုပ်စု၊ ကျောက်ရစ်ကျေးရွာ၌ သံတိုသံစများ ရောင်းဝယ်သည့် လုပ်ငန်းအား ရိုးသားစွာ လုပ်ဆောင်နေသူ (ယခင် ဟင်းရွက်စုကျေးရွာ၊ ပုသိမ်ကြီးမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး) ဦးခင်မောင်တင့်(ဘ)ဦးမောင်ကိုသည် ၎င်း၏သားဖြစ်သူ နှစ်ဦးနှင့် နေအိမ်တွင် ရှိစဉ် ဇန်နဝါရီ ၁၅ ရက်  နံနက်ပိုင်းတွင် အဆိုပါကျေးရွာမှ ရွာသူ၊ ရွာသားများက  တုတ်၊  ဓားများကိုင်ဆောင်ကာ   အိမ်ရှေ့သို့ လာရောက် ရန်ရှာမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်ခဲ့ကာ လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ၎င်း၏ သားတစ်ယောက်ဖြစ်သည့် မောင်ဝင်းမင်းထွန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် အမည်မသိသူ တစ်ဦးက ဖုန်းဖြင့်ဆိုင်ကယ် တက္ကစီလိုက်ရန် ငှားရမ်းသဖြင့် ထွက်ခွာသွားရာမှ ယနေ့ အချိန်အထိ ပြန်လည်ရောက်ရှိခြင်း မရှိကြောင်းနှင့် ၎င်းမိသားစုအား တစ်ရွာတည်း နေသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းပေးဟုဆိုကာ ရန်ရှာခြင်းများ ပြုလုပ်နေသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးမာနှင့် သမီးသုံးဦးတို့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့်   ဘူးသီးတောင်မြို့တွင် နေထိုင်ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဦးခင်မောင်တင့်၏ မိသားစုဝင်များအား ၎င်းတို့၏ မူရင်းနေရပ်ဖြစ်သည့် ဟင်းရွက်စုကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း   သတင်းရရှိသည်။

 

 

Recent News