ခေမာက္ႀကီးၿမိဳ့၊ အမွတ္(၄)ရပ္ကြက္ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ က်န္းမာေရး ေစာင့္‌ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ခေမာက္ႀကီးၿမိဳ့၊ အမွတ္(၄)ရပ္ကြက္ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ က်န္းမာေရး ေစာင့္‌ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇန္န၀ါရီ ၂၀ 

တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ခေမာက္ႀကီးၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ အေျခခံပညာ မူလတန္းလြန္ေက်ာင္းရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖဲြ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရ သန္႔ရွင္းေရး စစ္ေဆးေပးျခင္းႏွင့္ ဆရာ၊ ဆရာမငါးဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၅၈ ဦးႏွင့္ ေဒသခံျပည္သူ ၈၉ ဦးတို႔ကို ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၂၀ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းနှင့် ဆရာ၊ ဆရာမငါးဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦးနှင့် ဒေသခံပြည်သူ ၈၉ ဦးတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News