




(Unicode Version)

မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ် သွားရာလမ်း အောက်ရှိ ရေပြွန်ခေါင်း အတွင်းမှ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ 

နေပြည်တော် ဇန်နဝါရီ ၂၀ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် သတင်းအရ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ်သွားရာ လမ်းအနီးသို့ သွားရောက်စစ်ဆေး ရှာဖွေရာ လမ်း၏အောက်ရှိ ရေပြွန်ခေါင်းအတွင်းမှ အစိမ်းရောင် ဆာလာအိတ်ဖြင့် ထုပ်ထားသော ပါရိအမျိုးအစား သေနတ် ၁၀ လက်၊ ၎င်းကျည်အိမ် ကိုးခု၊ လွယ်ကြိုး ကိုးချောင်းနှင့် အမ် ၂၂ သေနတ်တစ်လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
 

အဆိုပါသိမ်းဆည်းရမိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                     

Recent News