



(Unicode Version)

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆဋ္ဌမနေ့ ကျင်းပ 

နေပြည်တော် ဇန်နဝါရီ ၂၀ 

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆဋ္ဌမနေ့ အုပ်စု(၃)ပြိုင်ပွဲများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်း အသင်း၊ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၃)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်း အသင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)တပ်ခွဲ စစ်တီးဝိုင်း အသင်းနှင့် အမှတ်(၁၀၁) ခြေမြန် တပ်မဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တပ်မတော် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ ကြည့်ရှု အား ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။    

Recent News